MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ကျင်းပ

The MFF » Activities » MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ကျင်းပ

April 30, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ဧပြီ ၃၀ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က သင်တန်းဆင်း အအမှာစကားပြောကြားခဲ့ကြပြီး သင်တန်းသား တစ်ဦးနှင့် သင်တန်းသူများတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

MFF Newly Referee Course 1/2023 သင်တန်းကို ဧပြီ ၂၄ မှ ၃၀ အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သင်တန်းသား ၁၉ ဦးနှင့် သင်တန်းသူ ၅ ဦး၊ စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့သည်။