April 28, 2023 / By Admin
ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၂ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)နှင့် ထိုင်းနိုင်ငံတွင် ကျင်းပမည့် AFF Futsal Club Championship 2023 ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ရန်အတွက် မြန်မာဒိုင်လူကြီးသုံးဉီး တာဝန်ပေးအပ်ခံရပါသည်။
AFF Futsal Club Championship 2023 ပြိုင်ပွဲအတွက် မြန်မာဒိုင်လူကြီး ဖြိုးပြည့်စုံဝင့်နှင့် ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး နှစ်ဉီးဖြစ်သည့် ဇင်မာဉီးနှင့် မေသက်ဖြူ တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။