FIFA – MA Refereeing Course 2023 သင်တန်းဖွင့်လှစ်

The MFF » Activities » FIFA – MA Refereeing Course 2023 သင်တန်းဖွင့်လှစ်

May 10, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA – MA Refereeing Course 2023 သင်တန်းဖွင့်ပွဲကို မေ ၁၀ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob တို့ကသင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများနှင့် သင် တန်းသား၊ သင်တန်းသူများ အမှတ်တရစုပေါင်း ဓါတ်ပုံရိုက်ကူးခြင်း ပြုလုပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

FIFA – MA Refereeing Course 2023 သင်တန်းကို မေ ၁၀ မှ ၁၄ရက် အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သင်တန်းသား ၊ သင်တန်းသူ ၃၀ဦး၊ လေ့လာသူ ၁၂ ဦး တက်ရောက်လျက်ရှိသည်။