May 12, 2023 / By Admin
မြန်မာနိုင်ငံတွင် လာမည့် ဇွန် ၆ ရက်မှ ၁၀ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (ခ) ပွဲစဉ်များတွင် သတင်းလာရောက်ယူလိုသော မီဒီယာများအတွက် မီဒီယာဝင်ခွင့်ကတ်ပြားများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။
ခြေစစ်ပွဲ ဒုတိယ အဆင့်ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် လက်ခံကျင်းပသွားမည် ဖြစ်သည်။ မြန်မာအမျိုးသမီး ယူ-၂၀ လက်ရွေးစင် အသင်းအနေဖြင့် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ) ယူ-၂၀ လက်ရွေးစင် အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
သတင်းလာရောက်ယူလိုသော မီဒီယာများအနေဖြင့် အောက်ပါ Links မှ Media Accreditation Application Form တွင် အချက်အလက်ပြည့်စုံစွာ ဖြည့်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဌာနသို့ မေ ၂၉ ရက်နောက်ဆုံးထား၍ လျောက်ထားနိုင်ပြီ ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
Download ရယူရန် Link
https://www.mediafire.com/file/abxmdmwb6jsn320/AFC_U20_Women_Q_second_Riund.doc/file