May 15, 2023 / By Admin
AFC Futsal Coaching Certificate Course – Level 1 သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြများ ဖြစ်သော ဦးတင်မောင်ဌေးနှင့် ဦးဌေးမြင့်၊ သင်တန်းသားများ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြ ဦးတင်မောင်ဌေးတို့က သင်တန်းဖွင့် အမှတ်တရ စကားများ ပြောကြားခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
AFC Futsal Coaching Certificate Course – Level 1 သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် မေ ၁၅ မှ ၂၀ ရက်အထိ ဖွင့်လှစ် သင်ကြားနေခြင်းဖြစ်ပြီး သင်တန်းသား ၁၇ ဦးနှင့် သင်တန်းသူ ၂ ဦး တက်ရောက်လျက်ရှိသည်။