FIFA MA Futsal Referring Course 2023 သင်တန်းဖွင့်ပွဲကျင်းပ

The MFF » Courses » FIFA MA Futsal Referring Course 2023 သင်တန်းဖွင့်ပွဲကျင်းပ

May 27, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA MA Futsal Referring Course 2023 သင်တန်ဖွင့်ပွဲ အခမ်းအနားကို မေ ၂၇ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက် သင်တန်းနည်းပြများ ဖြစ်ကြသည့် FIFA Referring Development Officer Mr. Mohamad Rodzali Bin Yacob၊ FIFA Futsal Referee Instructor Mr. Badrul Hisham Kalam၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ Mr. Mohamad Rodzali Bin Yacob တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။

FIFA MA Futsal Referring Course 2023 သင်တန်း မေ ၂၇ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသား ၂၃ ဦး သင်တန်းသူ ၂ ဦးတို့ တက်ရောက်လျက်ရှိကြသည်။