FIFA MA Futsal Referring Course 2023 သင်တန်းဆင်းပွဲကျင်းပ

The MFF » Activities » FIFA MA Futsal Referring Course 2023 သင်တန်းဆင်းပွဲကျင်းပ

May 31, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA MA Futsal Referring Course 2023 သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၃၁ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာနတာဝန်ခံ ဦးလှမင်းနှင့် သင်တန်းနည်းပြများ ဖြစ်ကြသည့် FIFA Referring Development Officer Mr. Mohamad Rodzali Bin Yacob၊ FIFA Futsal Referee Instructor Mr. Badrul Hisham Kalam၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ Mr. Mohamad Rodzali Bin Yacobe နှင့် Mr. Badrul Hisham Kalam တို့က သင်တန်းဆင်း အမှာစကားများ ပြောကြားခဲ့ကြပြီး သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

ထို့နောက် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

FIFA MA Futsal Referring Course 2023 သင်တန်းကို မေ ၂၇ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၂၃ ဦး သင်တန်းသူ ၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။