AFC Futsal Coaching Certificate Course – Level 2 သင်တန်းဖွင့်ပွဲကျင်းပ

The MFF » Activities » AFC Futsal Coaching Certificate Course – Level 2 သင်တန်းဖွင့်ပွဲကျင်းပ

June 26, 2023 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course – Level 2 သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၆ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြများ ဖြစ်သော Mr. Bunlert Charoenwong ၊ဦးတင်မောင်ဌေး၊ သင်တန်းသားများ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြ Mr. Bunlert Charoenwong တို့က သင်တန်းအဖွင့်အမှာ စကားများ ပြောကြားခဲ့ပြီးစုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

AFC Futsal Coaching Certificate Course – Level 2 သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဇွန် ၂၆ မှ ဇူလိုင် ၄ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသား ၁၂ ဦးနှင့် သင်တန်းသူ ၁ ဦး တက်ရောက်လျက်ရှိသည်။