MFF Carabao Futsal Amateur Cup 2022 ဆုပေးပွဲအခမ်းအနား ကျင်းပ

The MFF » Futsal » MFF Futsal Cup » MFF Carabao Futsal Amateur Cup 2022 ဆုပေးပွဲအခမ်းအနား ကျင်းပ

July 6, 2023 / By Admin

MFF Carabao Futsal Amateur Cup 2022 ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို Black Cross FC နှင့် City Dagon FC တို့ပွဲစဉ် အပြီးတွင် MFF Futsal Stadium ၌ဆက်လက်ကျင်းပခဲ့သည်။နောက်ဆုံးဗိုလ်လုပွဲတွင် Black Cross FC က City Dagon FC (၈-၆) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဥပဒေချုပ် ဝန်ကြီးဦးဌေးအောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီး ဦးမျိုးမြင့်အောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ သင်္ဃန်းကျွန်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ဒု-ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက် နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆုရ အားကစားသမားများနှင့် ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ MFF Carabao Futsal Amateur Cup 2022 ပြိုင်ပွဲ၏ Final ပွဲစဉ်ကို ကိုင်တွယ်ခဲ့သော ဒိုင်လူကြီးများကို ဒိုင်ကောင်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က အမှတ်တရဆုတံဆိပ်များ ပေးအပ်ခဲ့သည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးဆု ရရှိခဲ့သည့် Yangon Royal Group FC ကို အမှတ်တရဆုနှင့် ငွေသားကျပ် ၂ သိန်း ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသော City Dagon FC မှ စည်သူအောင်ကို ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ အကောင်းဆုံးဂိုးသမားဆု ရရှိသော Black Cross FC မှ နိုင်ဝင်းအောင်ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော် တို့က အမှတ်တရဆုနှင့် ငွေသားဆု ကျပ် တစ်သိန်းစီ ချီးမြှင့်ခဲ့သည်။

MFF Carabao Futsal Amateur Cup 2022 ပြိုင်ပွဲ၏ တတိယရရှိသော KKY FC ကို သင်္ဃန်းကျွန်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်က တစ်ဦးချင်းဆုများ ပေးအပ်ခဲ့ပြီး KKY FC အနေဖြင့် ရရှိခဲ့သည့် ဆုကြေးငွေကျပ် သိန်း(၁၀)ကို အားကစားနှင့် ကာယ ပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးက ချီးမြှင့်ခဲ့သည်။ဒုတိယဆု ရရှိခဲ့သော City Dagon FC ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီး ဦးမျိုးမြင့်အောင်က ဆုများပေးအပ်ခဲ့ပြီး City Dagon FC အနေဖြင့်၏ တစ်ဦးချင်းဆုတံဆိပ် နှင့် ဆုကြေးငွေ ကျပ်(၁၅)သိန်းကို ရရှိခဲ့သည်။ပြိုင်ပွဲ၏ ချန်ပီယံဆု ရရှိခဲ့သော Black Cross FC အသင်းကိုရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဥပဒေချုပ် ဝန်ကြီး ဦးဌေးအောင် က ဆုများပေးအပ်ခဲ့ပြီး Black Cross FC အနေဖြင့် တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ဆုကြေးငွေ ကျပ် သိန်း(၂၀) ရရှိခဲ့သည်။