မြန်မာလက်ရွေးစင် ဖူဆယ် အသင်း ဆော်လမွန် ကျွန်းစု အသင်းကို အနိုင်ရရှိ

The MFF » Activities » မြန်မာလက်ရွေးစင် ဖူဆယ် အသင်း ဆော်လမွန် ကျွန်းစု အသင်းကို အနိုင်ရရှိ

August 8, 2023 / By Admin

Continental Futsal Championship 2023 ပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော မြန်မာအသင်းနှင့် ဆော်လမွန် ကျွန်းစု အသင်း တို့ပွဲစဉ်တွင် မြန်မာအသင်းသည် (၆-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းအသင်းအတွက် ဂိုးများကို ထွဋ်ဝေထွန်းက (၂)ဂိုး၊ ငြိမ်းမင်းစိုးက(၂)ဂိုး၊ နိုင်လင်းထွန်းကျော်နှင့် ရှိုင်းထက်အောင်တို့က တစ်ဂိုးစီ သွင်းယူခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးတွင် မြန်မာအသင်းနည်းပြချုပ် Bunlert Charoenwong က ” ဒီနေ့ ကစားသမားတွေရဲ့ ခြေစွမ်းကို ကျေနပ်ပါတယ်။ ဒီပွဲမှာ ကစားသမားတွေက ယုံကြည်ချက်ရှိရှိနဲ့ ကစားနိုင်ခဲ့ကြတယ်။ နည်းစနစ်အတိုင်းလဲကစားနိုင်ခဲ့ကြပါတယ်။ အခု ကျွန်တော်တို့မှာ နားရက် နှစ်ရက်ရရှိပါတယ်။ ဒီနှစ်ရက်မှာ ကျွန်တော်တို့ ထိုင်းနဲ့ ပွဲက အမှားတွေကို ပြင်ဆင်သွားပါမယ်။ ဒီပြိုင်ပွဲက ကစားသမားတွေအတွက် အာရှခြေစစ်ပွဲအတွက် အကောင်းဆုံး အတွေ့အကြုံ ရရှိမယ့် ပြိုင်ပွဲပါ” ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းနှင့် ဆော်လမွန်ပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို မြန်မာအသင်းမှ ငြိမ်းမင်းစိုးက ရရှိခဲ့သည်။‌