MFF Coach Educator`s Workshop 2023 ပိတ်ပွဲ အခမ်းအနား ကျင်းပ

The MFF » Education » MFF Coach Educator`s Workshop 2023 ပိတ်ပွဲ အခမ်းအနား ကျင်းပ

August 9, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ( MFF) ၊ Coach Education ဌာနမှ ကျင်းပပြုလုပ်သော MFF Coach Educator`s Workshop 2023 ပိတ်ပွဲ အခမ်းအနားကို သြဂုတ် ၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ MFF Coach Educator`s Workshop 2023 သို့ တက်ရောက် ဆွေးနွေးခဲ့သော MFF မှ ဦးတင်မြင့်အောင်၊ ဦးညီညီလတ် ၊ ဦးဘုန်းညွန့်ကို ၊ ဦးရဲဝင့်သူ ၊ ဦးချစ်နိုင် (ISPE) ၊ ဦးတင့်ငြိမ်း (ပြင်ပ)၊ ဦးခင်ထွန်းဦး ( U 15 Shan FC Southern) ၊ ဦးဉာဏ်ဝင်း ( Hantharwady United FC) ၊ ဦးကြည်နိုင် ( U 15 Shan FC Eastern )၊ ဦးအောင်နေဝင်း ( ပြင်ပ )၊ ဦးအောင်ဇော်မျိုး ( Rakhine United FC )၊ ဦးဧရာမောင် ( Rakhapura United FC) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက အခမ်းအနား ပိတ်ပွဲအမှာစကား ပြောကြားခဲ့ပြီး Workshop တက်ရောက်သူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ယင်းနောက် Coach Educator များမှ တစ်ဦးချင်း အကြံပြုစကားများ ပြောကြားခဲ့ပြီးနောက် အမှတ်တရစုပေါင်း ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

MFF Coach Educator`s Workshop 2023 ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် သြဂုတ် ၈ နှင့် ၉ တို့တွင် ပြုလုပ်ခဲ့ပြီး Coach Educator ၁၂ ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်။