August 21, 2023 / By Admin
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော် ၊ MFF နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းအဖွင့် အမှာစကားပြောကြားခြင်း၊ မြန်မာ နေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်တို့က အမှတ်တရစကားပြောကြားခြင်း၊ သင်တန်း နည်းပြဆရာ ဦးညီညီလတ်က မိတ်ဆက်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသားများနှင့် တစ်ဦးခြင်း မိတ်ဆက်ခြင်း၊ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
သင်တန်းကို သြဂုတ် ၂၁ မှ ၂၄ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်မည် ဖြစ်သည်။