MFF “D” CERTIFICATE COACHING COURSE သင်တန်းဆင်းပွဲကျင်းပ

The MFF » Activities » MFF “D” CERTIFICATE COACHING COURSE သင်တန်းဆင်းပွဲကျင်းပ

August 24, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်းဆင်းပွဲ ကို သြဂုတ် ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MFF နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းကသင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို တို့က သင်တန်းဆင်း အမှတ်တရစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်း၊ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။