AFC / MFF “C” Diploma COACHING COURSE သင်တန်းဖွင့်ပွဲ ကျင်းပ

The MFF » C-License » AFC / MFF “C” Diploma COACHING COURSE သင်တန်းဖွင့်ပွဲ ကျင်းပ

August 28, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်း ဖွင့်လှစ်သော AFC / MFF “C” Diploma Coaching Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ MFF နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းအဖွင့် အမှာစကားပြောကြားခြင်း၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်က အမှတ်တရစကားပြောကြားခြင်း၊ သင်တန်း နည်းပြဆရာ ဦးဘုန်းညွန့်ကိုက မိတ်ဆက်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသားများနှင့် တစ်ဦးခြင်း မိတ်ဆက်ခြင်း၊ စုပေါင်းဓါတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

သင်တန်းကို သြဂုတ် ၂၈ မှ စက်တင်ဘာ ၅ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၄ ဦး တက်ရောက်မည် ဖြစ်သည်။