AFC / MFF “C” DIPLOMA COACHING COURSE သင်တန်းဆင်းပွဲ ကျင်းပ

The MFF » C-License » AFC / MFF “C” DIPLOMA COACHING COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 5, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်း ဖွင့်လှစ်သော AFC / MFF “C” Diploma Coaching Course သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဆင်း အမှာ စကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို တို့က သင်တန်းဆင်း အမှတ်တရ စကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသားများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းသားများထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။