September 6, 2023 / By Admin
AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၆ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင် ၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က သင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာ ဦးတင်မောင်ဌေးက သင်တန်းဆင်း အမှတ်တရစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်
AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၆ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၁၃ ဦး၊ သင်တန်းသူ ၂ ဦး တက်ရောက်ခဲ့သည်။