FIFA – MFF U15 LEAGUE COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ

The MFF » Activities » FIFA – MFF U15 LEAGUE COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 9, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြ ဆရာများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဆင်းပွဲ ကို စက်တင်ဘာ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင်အောင်၊ သင်တန်းဆရာများ ဖြစ်ကြသော ဦးညီညီလတ်၊ ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားခြင်း၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်း၊ သင်တန်းဆရာ ၂ဦးအား အမှတ်တရ ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး အမှတ်တရ စု‌ပေါင်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။