U15 LEAGUE အထက်မြန်မာပြည်ဇုန် COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ

The MFF » Coaches » U15 LEAGUE အထက်မြန်မာပြည်ဇုန် COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 13, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အထက်မြန်မာပြည်(မန္တလေးဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြဆရာများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဆင်းပွဲ ကို စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မြန်မာဘောလုံး အကယ်ဒမီ ( မန္တလေး)တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာဘောလုံး အကယ်ဒမီ ( မန္တလေး) ကျောင်းအုပ်ကြီး ဦးထွန်းအောင်ကျော်၊ ဦးအောင်အောင်မျိုး( ပြိုင်ပွဲ ယာယီ တာ ဝန်ခံ၊ အထက်မြန်မာပြည်)၊ သင်တန်းဆရာ ဦးညီညီလတ်၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ် ချီးမြှင့်ခြင်း၊ သင်တန်းဆရာ ဦးညီညီလတ်အား အမှတ်တရ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ သင်တန်သားတစ်ဦးမှ အမှတ်တရ စကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး အမှတ်တရ စု‌ပေါင်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

သင်တန်းကို စက်တင်ဘာ ၁၁ မှ ၁၃ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြသည်။