October 11, 2023 / By Admin
မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E)၏ နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်တာဂျစ်ကစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တာဂျစ်ကစ္စတန်အသင်းက (၃ – ၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပထမပိုင်းတွင် တာဂျစ်ကစ္စတန်အသင်းက ပိုမို ဖိအားပေးခဲ့သော် လည်း မြန်မာအသင်းက ခံစစ်ကို စနစ်တကျကစားပြီး တန်ပြန်တိုက်စစ်ဆင်ဖြင့် ကစားခဲ့သည်။
တာဂျစ်ကစ္စတန် အသင်း၏ ဂိုးရရှိရေးကြိုးပမ်းမှုများကို မြန်မာအ သင်း စနစ်တကျ ဖျက်ထုတ်နိုင်
ခြင်း၊ ဂိုးသမား ညီညီသန့် လက်စွမ်းပြ ကာကွယ်နိုင်ခြင်း တို့ကြောင့် ပထမပိုင်း အပြီးတွင် ဂိုးမရှိသရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် ကာဂျစ်စ္စတန်အသင်း အတွက် အနိုင်ဂိုးများကို Sardorov ၊Yorovနှင့် Alievတို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် ခြေစစ်ပွဲ ပထမပွဲစဥ်တွင် ပါလက်စတိုင်းကို ( ၂- ၁)ဂိုး၊ ဒုတိယပွဲစဥ်တွင် အိန္ဒိ ယကို ( ၅- ၂)ဂိုးတို့ဖြင့်အနိုင်ရခဲ့ပြီး( ၂) ပွဲကစားပြီးချိန်ကတည်းက ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
အုပ်စု( E )၏ အခြားပွဲစဥ်ဖြစ်သည့်ပါလက်စတိုင်းနှင့် အိန္ဒိယအသင်းတို့ပွဲစဥ်တွင် ပါလက်စတိုင်းအသင်းက ၆ – ၅ ဂိုးဖြင့် အနိုင်ရခဲ့သည်။
၂၀၂၄ အာရှဖူဆယ် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ၂၀၂၄ဧပြီ ၁၇မှ ၂၈ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

