ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ အစည်းအဝေးကျင်းပ

The MFF » Activities » ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ အစည်းအဝေးကျင်းပ

October 20, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်း အတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ ဥက္ကဋ္ဌ ‌ဒေါက်တာရဲမွန်ထွဋ်၊ ဒု ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာလက်ရွေးစင် ဖူဆယ် အသင်း၏ အာရှ ဖူဆယ် ပြိုင်ပွဲ အကြိုပြင်ဆင်မည့် ကိစ္စရပ်များ၊ MFF Rhino Futsal Championship 2023 ပြိုင်ပွဲနှင့် ပတ်သက်သော ကိစ္စရပ်များ၊ MFF Futsal League I & II ပြိုင်ပွဲများနှင့် ပတ်သက်သော ကိစ္စရပ်များ၊ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် အမျိုးသမီး ဖူဆယ် အသင်း ဖွဲ့စည်းရေးနှင့် ပတ်သက်သော ကိစ္စရပ်များ၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကျင်းပရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။