ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ အစည်းအဝေးကျင်းပ

The MFF » MFF » Committee Meeting » ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ အစည်းအဝေးကျင်းပ

November 24, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး  ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက နိုဗိုတယ်ဟိုတယ် (ရန်ကုန်မက်စ်)တွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး  ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော် ၊အဖွဲ့ဝင်များဖြစ်ကြသော မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး  ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းတို့က အမှာ စကား ပြောကြားပြီး အစည်းအဝေးကို စတင်ခဲ့သည်။ ဆက်လက်၍ အစည်းအဝေးတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၃အတွက် ဝင်ငွေနှင့် ထွက်ငွေ ရှင်းတမ်းများ၊ ၂၀၂၄ အတွက် ဘဏ္ဍာရေး လျာထားချက်များ၊ စပွန်ဆာများမှ ရရှိမည့် ဝင်ငွေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။