AFC / MFF “B” Dipolma Coaching Course သင်တန်း ဆင်းပွဲ ကျင်းပ

The MFF » B-License » AFC / MFF “B” Dipolma Coaching Course သင်တန်း ဆင်းပွဲ ကျင်းပ

December 15, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် AFC / MFF “B” Dipolma Coaching Course သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်ချုပ် ဦးစိုးမိုးကျော်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း နှင့် မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်ချုပ် ဦးစိုးမိုးကျော်တို့က သင်တန်းဆင်း အမှာစကား ပြောကြားခြင်းများ ပြုလုပ်ပြီးနောက် သင်တန်းသားများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ သည်။

ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

AFC/MFF B Dipolma Coaching Course ( Part -1) သင်တန်းကို အောက်တိုဘာ ၁၆ မှ ၂၄ ရက်အထိ လည်းကောင်း၊ (Part – 2 ) သင်တန်းကို ဒီဇင်ဘာ ၇ မှ ၁၅ ရက်အထိ လည်းကောင်း ဖွင့်လှစ်ခဲ့ပြီးနောက် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

သင်တန်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သင်တန်းသား ၂၃ ဦးနှင့် သင်တန်းသူ ၁ ဦး၊ စုစုပေါင်း ၂၄ဦး တက်ရောက်ခဲ့သည်။