မြန်မာ့လက်ရွေးစင်အသင်း အာရှဖလားတတိယအဆင့်ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

The MFF » competition » မြန်မာ့လက်ရွေးစင်အသင်း အာရှဖလားတတိယအဆင့်ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

June 16, 2021 / By Admin

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား (ကာတာ) ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲစဉ်များကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

မြန်မာအသင်းသည် ဂျပန်နိုင်ငံတွင်သွားရောက်ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်သုံးပွဲစလုံးရှုံးနိမ့်ခဲ့သော်လည်း ၈ပွဲကစား၊ ၂ပွဲနိုင်၊ ၆ပွဲရှုံး ရမှတ် ၆မှတ်ဖြင့် ပြိုင်ပွဲ၏ အကောင်းဆုံးပဉ္စမသုံးသင်းတွင် ပါဝင်ခဲ့ပြီး အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အာရှဖလားခြေစစ်ပွဲ တတိယ အဆင့်ကို ပြိုင်ပွဲဝင်အသင်း (၂၄)သင်းဖြင့် လာမည့် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်သည်။ တတိယအဆင့်ကို အုပ်စု (၆)ခုဖြင့် ကျင်းပမည် ဖြစ်ရာ အုပ်စု ပထမနှင့် ဒုတိယ ရရှိသည့် အသင်း ၁၂ သင်း ခြေစစ်ပွဲ အောင်မည်ဖြစ်သည်။