မြန်မာအမျိုးသမီး၏ အာရှဖလားခြေစစ်ပွဲကို လက်ဘနွန််တွင်ယှဉ်ပြိုင်ရမည်

The MFF » latest news » မြန်မာအမျိုးသမီး၏ အာရှဖလားခြေစစ်ပွဲကို လက်ဘနွန််တွင်ယှဉ်ပြိုင်ရမည်

ဩဂုတ် 14, 2021 / By Admin

၂၀၂၂ခုနှစ်အတွင်း ကျင်းပမည့် အမျိုးသမီးအာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်များကို လာမည့်စက်တင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ရာ မြန်မာအမျိုးသမီးအသင်းပါဝင်သော အုပ်စု ()ပွဲစဉ်များကိုလက်ဘနွန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု()တွင် အိမ်ရှင်လက်ဘနွန်၊ ယူအေအီး၊ ဂူအန်အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး အုပ်စုဗိုလ်တစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၁၃ရက်မှ ၂၅ရက်အတွင်းကျင်းပသွားရန် လျာထားပြီး မြန်မာအသင်းသည် အဖွင့်ပွဲစဉ်တွင်အိမ်ရှင်လက်ဘနွန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

AFC Women’s Asian Cup 2022 ပြိုင်ပွဲကို ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ရှင် အိန္ဒိယ၊၂၀၁၈ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးသင်းဖြစ်သော လက်ရှိချန်ပီယံ ဂျပန်၊ဩစတြေးလျ၊ တရုတ် နှင့် ခြေစစ်ပွဲအောင်မြင်လာသော အသင်း ()သင်း  စုစုပေါင်း ၁၂သင်း တို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ယူ၁၆၊ ယူ၁၉ အသင်းများမှ ထွက်ပေါ်လာသော မျိုးဆက်သစ်ကစားသမား အများစုနှင့် အတွေ့အကြုံရှိကစားသမားများကို ပေါင်းစပ်ဖွဲ့စည်းထားသည်။ နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ပဏာမလက်ရွေးစင် (၃၀)ဦးနှင့် အတူ (ဇူလိုင်) လအစောပိုင်းကတည်းက စခန်းသွင်းလေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် လာမည့် ၂၀၂၂ခုနှစ်တွင် အာရှဖလားအပါအဝင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) နှင့် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန် ရှိနေသည်။