
PU အသင်း၏ အရှုံးကြောင့် ပွဲစဉ်မကုန်ခင် MIC အသင်း ချန်ပီယံ ဖြစ်လာခဲ့
May 11, 2016
MFF Spy Futsal League နောက်ဆုံးပွဲစဉ်များအတွက် ဝင်ကြေး အခမဲ့ သတ်မှတ်ထား
May 13, 2016ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် မေလ ၁၁ ရက်က ကာနာဂါဝါတက္ကသိုလ် အသင်းနှင့် ခြေစမ်းကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ကာနာဂါဝါတက္ကသိုလ်အသင်းတို့သည့် ခြေစမ်းပွဲ ပထမပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိယ ပိုင်း မိနစ် ၆၀ တွင် ကာနာဂါဝါအသင်းက အဖွင့်ဂိုးရခဲ့ပြီး ၇၃ မိနစ်တွင် လှယဉ်ဝင်းက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးအသင်းသည် ဂျပန်လေ့ကျင့် ရေးခရီးစဉ်တွင် ခြေစမ်းပွဲ ငါးပွဲကစားမည်ဖြစ်ပြီး လေးပွဲကစားရန် ကျန်ရှိနေသေး သည်။ မြန်မာ့ လက် ရွေးစင် အမျိုးသမီးအသင်းသည် မေ ၁၆ ရက် တရုတ်(တိုင်ပေ)အသင်း၊ မေ ၁၈ ရက်တွင် ရှီဇိုကာ တက္ကသိုလ်အသင်း၊ မေ ၂၃ ရက်တွင် JEF United အသင်း၊ မေ ၂၄ ရက်တွင် Seisa Gakuen အသင်းတို့နှင့် ဆက်လက်ခြေစမ်းကစားမည်ဖြစ်သည်။