အကယ်ဒမီကျောင်းများဖွင့်လှစ်ခြင်း

မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး‌)

  ကမ္ဘာ့ဘောလုံးအဖွဲ့ချု့ပ်၏ Goal Project II အစီအစဉ်အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် စတင်၍မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊သဇင်လမ်းနှင့်ငုဝါလမ်းကြား၊(၇၃)လမ်းမကြီးပေါ်တွင်မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ကိုစတင်တည်ဆောက်ခဲ့ပါသည်။

   အကျယ်အဝန်းမှာ ၁၃,.၃ဧကရှိပြီးလေ့ကျင်းရေးကစားကွင်းနှစ်ကွင်း၊သဲသောင်ပြင်ဘောလုံးကွင်းတစ်ကွင်း၊ဖူဆယ်ဘောလုံးကွင်းတစ်ကွင်း၊စာသင်ဆောင်၊ကာယကြံ့ခိုင်မှုလေ့ကျင့်ဆောင်၊စည်းဝေးခန်းမ၊နည်းပြဆောင်၊ဧည့်သည်ဆောင်၊ဘောလုံးသင်း သုံးသင်းစာ နေနိုင်သည့်အဆောင်၊လူ၁၂၀စားသောက်နိုင်သည့် စားဖိုဆောင်၊မီးဖိုခန်းစသည်တို့ပါရှိသည်။ အမေရိကန်ဒေါ်လာတစ်သန်းကျော်ကုန်ကျသည်။ ၂၀၁၁ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် (FIFA)ဥက္ကဌမစ္စတာဆပ်ဘလတ္တာက မြန်မာဘောလုံးအကယ်ဒမီကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ကျောင်း၏အကျယ်အဝန်း

အကျယ်အဝန်း – ၁၃,၃ဧက

တောင်မြောက် – ၁၀၀၀ပေ

ရှေ့အနောက် – ၆၅၀ပေ

မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) အဆောက်အဦး၏အကျယ်အဝန်း

အလျား – ၃၁၅ပေ

အနံ – ၁၄၆ပေ

အမြင့် – ၁၃ ပေ ၆လက်မ (မြေညီထပ်)

             ၁၁ပေ ၆လက်မ(ပထမထပ်)

            ၁၁ပေ ၆လက်မ (ဒုတိယထပ်)

မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) စတင်ဖွင့်လှစ်သင်ကြားပေးခြင်း

၁။ ဘောလုံးသမားများစတင်လေ့ကျင့်သည့်ရက် –  ၁-၆-၂၀၁၀
၂။ တရားဝင်ဖွင့်လှစ်သည့်ရက် – ၁၅-၃-၂၀၁၀
၃။ ဘောလုံးသမားများကျောင်းသို့စတင်ရောက်ရှိသည့်အင်အား – (၉၀)ဦး
၄။ မြန်မာနည်းပြဆရာ – ၁၀ဦး
၅။ နိုင်ငံခြားနည်းပြဆရာ – ၁ဦး

မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး)တွင် တက်ရောက်နေသည့် နှစ်အလိုက်သင်တန်းသားစာရင်း(အချက်အလက်)

မြန်မာ့လက်ရွှေးစင် ကစားသမားများဖြစ်ကြသော အောင်သူ၊ ကျော်မင်းဦး၊ အောင်ကောင်းမာန်၊ မြတ်ကောင်းခန့် အပါအဝင် မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး)မှ သက်တမ်းအလိုက် နိုင်ငံ့လက်ရွှေးစင်ကစားသမားများ ၁၀၀ကျော် မွေးထုတ်ပေးခဲ့ပါသည်။

၁၀နှစ်တာအတွင်းကုန်ကျငွေများ
 ခုနှစ်                ကျပ်သိန်းပေါင်း
၂၀၁၀-၂၀၁၁      ၂၃၃.၀၁၄.၃၁၂
၂၀၁၁-၂၀၁၂ ၂    ၂၁.၉၁၈.၆၁၆
၂၀၁၂-၂၀၁၃      ၂၀၇.၅၁၄.၉၅၆
၂၀၁၃-၂၀၁၄     ၂၃၄.၁၉၄.၉၃၀
၂၀၁၄-၂၀၁၅     ၂၄၃.၇၂၃.၂၄၅
၂၀၁၅-၂၀၁၆    ၂၉၈.၈၀၈.၁၃၅
၂၀၁၆-၂၀၁၇
၂၀၁၇-၂၀၁၈
၂၀၁၈-၂၀၁၉
၂၀၁၉-၂၀၂၀

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)

        မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)အနေဖြင့် လူငယ်ကစားသမားပြုစုပျိုးထောင်ရေး စီမံကိန်းများအား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာမြန်မာနိုင်ငံ၏တတိယမြောက် ဘောလုံးအကယ်ဒမီအဖြစ် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)ကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်ခမ်းနားစွာဖွင့်လှစ်ခဲ့ပြီး(FIFA)ဥက္ကဌ မစ္စတာဂီယန်နီ အင်ဖန်တီနိုလည်းတက်ရောက်ခဲ့ပါသည်။

        အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)တွင် လူငယ်ကျောင်းသားများအတွက်အခန်းတွင်း အခန်းပြင်အသုံးဆောင် ပစ္စည်းများဖြည့်ဆည်းရေး၊နိုင်ငံတကာစံချိန်စံညွှန်းမီဖွဲ့စည်းဆောင်ရွက်ရေး၊နည်းပြဆရာများနှင့်အုပ်ချုပ်မှုအဖွဲ့များခန့်အပ်တာဝန်ပေးရေးထားသည်။

       သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးရှိ MFFရုံးချုပ်အနီးတွင်တည်ရှိသော အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလ၂၉ရက်နေ့က စတင်ပန္နက်ချခဲ့ခြင်းဖြစ်ပြီးအလျား ၂၄၇ပေ၊အနံ၄၉ပေရှိသည့် ၂ထပ်အဆောက်အဦဖြစ်သည်။အကယ်ဒမီကျောင်းသားများလေ့ကျင့်သင်ကြားရန်မြက်ခင်းတုကွင်း၂ကွင်းလည်းရှိပြီး သင်တန်းခန်းမ၊အစည်းဝေးခန်းမ၊အဝတ်လဲခန်း၊ရေချိူးသန့်စင်ခန်း စသဖြင့် နိုင်ငံတကာ အဆင့်မီအကယ်ဒမီတစ်ခုအဖြစ်တည်ဆောက်ထားပါသည်။

     မြန်မာဘောလုံးအကယ်ဒမီ(ရန်ကုန်)အတွက်စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ၂၇၈၄၇၉၄.၀၀ ဖြစ်ရာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ FAP မှ‌ဒေါ်လာ၂၈၄၇၉၄.၀၀၊ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌဦးဇော်ဇော်မှမြက်ခင်းတုလေ့ကျင့်ရေးကွင်း(၂)ကွင်းအတွက် လှူဒါန်းငွေ ‌ဒေါ်လာ ၁၅၀၀၀၀၀.၀၀နှင့်အဆောက်အဦး အတွင်းပိုင်းပြင်ဆင်ဖြည့်ဆည်းမှုများအတွက် ဒေါ်လာ ၅၀၀၀၀၀.၀၀၊ စုစုပေါင်းဒေါ်လာ (၂)သန်းဖြစ်ပါသည်။

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)တွင် တက်‌ရောက်သင်ကြားနေသော ကျောင်းသားများစာရင်း

၂၀၁၇-၁၈ ပညာသင်နှစ် – (၅၄)ဦး

ယူ-၁၂ဘောလုံးအသင်း – ၂၉ဦး

ယူ-၁၆ဘောလုံးအသင်း – ၂၅ဦး

စုစုပေါင်း                    – ၅၄ဦး

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် – (၂၈)ဦး

ယူ -၁၃ဘောလုံးအသင်း     – ၂၈ဦး

စုစုပေါင်း                          – ၂၈ဦး

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် – (-)ဦး

အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) သင်တန်းသားများ၏ပညာရေးအတွက်သံလွင်ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းက စပွန်ဆာအဖြစ် ပံ့ပိုးကူညီသဖြင့် သံလွင်ကျောင်းသို့တက်ရောက်သင်ကြားစေလျက်ရှိပါသည်။ ယူ-၁၃သင်တန်းသား မင်းခန့်သူသည် ရှရှာနိုင်ငံ၊မော်စကိုမြို့တွင် ကျင်းပပြုသည့် FIFAWorld Cup Russia 2018 ဖွင့်ပွဲအခမ်းနားနှင့် Football For Friendship Programme သို့တက်ရောက်ခွင့်ရရှိခဲ့သည်။ ၂၀၁၈ခုနှစ်အတွင်းမှာပင် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)ယူ-၁၃အသင်းသည်လည်းထိုင်းနိုင်ငံ၊အယုဒ္ဓယမြို့တွင်းကျင်းပသည့် Ayutthaya Asian Youth Football Festival 2018 သို့ဖိတ်ကြားခံခဲ့ရပြီး ဒုတိယဆုရရှိခဲ့သည်။