၂၀၂၄ ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပမည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဂျပန် အသင်းတို့၏ ပွဲစဉ်သို့ သတင်းယူရမည့် မီဒီယာသမားများအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များ အပြည့်အစုံ ဖြည့်ပြီး မေလ ၂၄ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
***မြန်မာ့လက်ရွေးစင် အသင်း၏ ယခင်ကစားခဲ့ပြီးသော ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များတွင် အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူများ ထပ်မံ လျှောက်ထားရန်မလို
မှတ်ချက်။ ။အချက်အလက် အပြည့်အစုံနှင့် သတင်းရယူသူ၏ ဓါတ်ပုံ မပါရှိသော မီဒီယာကတ်အလွတ်များကို ယခုပွဲစဉ်တွင် ထုတ်ပေးမည် မဟုတ်ဘဲ ယခင်ထုတ်ပေးထားသော ကတ်အလွတ်များဖြင့်လည်း ဝင်ရောက်သတင်းယူခွင့် ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
မီဒီယာကတ် ရရှိပြီးသူများအနေဖြင့်လည်း မိမိတို့ရရှိထားသော မီဒီယာကတ် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် နေရာများမှသာ သတင်းရယူနိုင်မည် ဖြစ်ပါသည်။
Mr. ZawMinnHtike
Head of Media Department, Myanmar Football Federation
Ph: +959 972701586