ကျွန်တော်တို့အနေနဲ့ လူငယ်ဘောလုံးပွဲတော်နဲ့ လူငယ်ဘောလုံးပြိုင်ပွဲ နှစ်ခုကို ဘာကြောင့်ကျင်းပရလဲဆိုရင်
ဘယ်အားကစားနည်းပဲမဆို ပြုစုပျိုးထောင်မယ်ဆိုရင် လူငယ်ကပဲ အခြေခံကျပါတယ်။
တစ်ကယ်တမ်း မြန်မာပြည်မှာပဲ ၁၂နှစ်အောက် ပြိုင်ပွဲတွေ လုပ်တာဖြစ်ပါတယ်။
YOUTH DEVELOPMENT 2019
FOOTBALL FESTIVALS AND TOURNAMENTS
– Grassroots Coaching Courses 2019
– Grassroots Football Festival 2019
– U-14 Football Tournaments 2019
– 2019 Project Deliveries
2019 PROJECT DELIVERIES
– 550 Grassroots Coach
– 2550 Grassroots Football KID
– 2400 U-14 Football Player
YOUTH DEVELOPMENT PROJECT 2019
10 {STATES & REGIONS}
Mandalay, Shwebo, Yangon, Magway, Taunggyi,
Bago, Hpa-An, Mawlamyine, Pathein, Sittway
Grassroots Coaching Course – 10 Times
Grassroots Coach (55×10) – 550 Coaches
Grassroots Football Festival – 10 Festivals
Grassroots KID (255×10) – 2550 Kids
DELIVERED GRASSROOTS COACHES
– Grassroots Coach: 550
– Gender Ratio: Men 60, Women 40
– Background Organizations: Basic Education, DPT 60% & CSO 40%
– Age Level Average: 25-35 are 85%
PARTICIPATED GRASSROOTS KIDS’
– Grassroots Kids: 2,550
– Gender Ratio: Boys 55%, Girls 45%
– Background Organizations: Basic School 95% & Others 5%
– Age Level Average: 6-12 year old
YOUTH DEVELOPMENT PROJECT 2019
10 {STATES & REGIONS}
Mandalay, Shwebo, Yangon, Magway, Taunggyi,
Bago, Hpa-An, Mawlamyine, Pathein, Sittway
– 10 Tournaments: U-14 Football Tournament
– 120 Teams: U-14 Team 12 x 10
– 2400 Players: U-14 Players 20 x 12 x 10
– 120 Coaches: Coaching ‘C’ License Coach 12 x 10
– 160 Matches: Match Competitions 16 x 10
အင်ချွန် အာရှလူငယ်ဘောလုံးပွဲတော်
အာဆီယံနိုင်ငံများမှ အဖွဲ့ချုပ်အကယ်ဒမီများ၊ ကလပ်အသင်းများ၏ အကယ်ဒမီများ၊ လူငယ်လက်ရွေးစင်အသင်းများ ပါဝင်သည့် Fam-frenz Asean Championship 2013 ပြိုင်ပွဲကို မန္တလေးအကယ်ဒမီမှ ယူ-၁၅အသင်းလည်းပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အုပ်စု(ခ)တွင် Frenz Malaysia B, Frenz Indonesia, NFABD U15(Brunei), Lao Toyota FC U15, Philippines U15 အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် အပြန်အလှန်ကစားခဲ့ရသဖြင့် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံများ ရရှိခဲ့သည်။
၂၀၁၄ ခုနှစ် Asia Champions Trophy U-16 ပြိုင်ပွဲတွင်မူ အာဆီယံနိုင်ငံများမှ အဖွဲ့ချုပ် အကယ်ဒမီများ၊ ကလပ်အသင်းများ၏ အကယ်ဒမီများ၊ လူငယ်လက်ရွေးစင်အသင်းများအပြင် ပိုမိုကျယ်ပြန့်သည့် ပြိုင်ပွဲဖြစ်စေရန် အဆင့်မြှင့်တင်ထားသည့်အနေဖြင့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့မှ လူငယ်အသင်းများပါ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
မြန်မာ မန္တလေးအကယ်ဒမီ ယူ-၁၆ အသင်းမှာ Asia Champions Trophy U-16 2014 ပြိုင်ပွဲ အုပ်စု(ခ)တွင် လာအိုတိုယိုတာ၊ ကွမ်တုံးအက်ဖ်အေ၊ ချောင်ဘူရီအက်ဖ်စီ၊ ဖနွမ်းပင်ခရောင်း၊ Frenz United အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ယမန်နှစ်ကကဲ့သို့ပင် အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ယှဥ်ပြိုင်ကစားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်မြို့၌ကျင်းပသည့် အာရှလူငယ်ဘောလုံးပွဲတော်သို့ မြန်မာ ယူ-၁၀ အသင်းနှင့် ယူ-၁၂ အသင်းကို စေလွှတ်ယှဥ်ပြိုင်စေခဲ့ပြီး အာရှလူငယ်အသင်းများ ကိုရီးယားလူငယ်ကလပ်များနှင့် ခြေစမ်းခွင့်ရခဲ့သည်။
အင်ချွန် အာရှလူငယ်ဘောလုံးပွဲတော်မှ ရလဒ်များ
အသက် (၁၀) နှစ်အောက် ပြိုင်ပွဲ | အသက် (၁၂) နှစ်အောက် ပြိုင်ပွဲ |
မြန်မာ ၁-၂ ကူဝိတ် မြန်မာ ၆-၁ Hope FC (Korea Club) မြန်မာ ၉-၀ Gurumsan (Korea) | မြန်မာ ၁-၀ ကော်ရန်ဒီယို ကလပ် မြန်မာ ၁-၀ ဥဇဘတ် ကစ္စတန် မြန်မာ ၄-၁ Chungra (Korea) မြန်မာ ၂-၀ Chung-Yong (Korea) |
ဂျပန် – အာဆီယံ ချစ်ကြည်ရေး ဘောလုံးပွဲတော်မှ ရလဒ်များ
မြန်မာ ယူ-၁၄ | ၁-၁ | စင်ကာပူ ယူ-၁၄ |
မြန်မာ ယူ-၁၄ | ၀-၀ | ဂမ်ဘာအိုဆာကာ ယူ-၁၄ |
မြန်မာ ယူ-၁၄ | ၀-၁ | လာအို ယူ-၁၄ |
မြန်မာ ယူ-၁၄ | ၂-၁ | မလေးရှား ယူ-၁၄ |
မြန်မာ ယူ-၁၄ | ၅-၀ | ဘရူနိုင်း ယူ-၁၄ |
ဂျပန် – အာဆီယံ ချစ်ကြည်ရေး ဘောလုံးပွဲတော်
၂၀၁၃ ခုနှစ်အတွင်းတွင် 100 Plus နှင့် ပူးပေါင်းပြီး ပြည်တွင်းအကယ်ဒမီများ ပါဝင်သော MFF U-14 100 Plus Super Cup 2013 ပြိုင်ပွဲကို ကျင်းပခဲ့ရာ Mandalay Academy (A,B,C), Children of Tomorrow, Nay Pyi Taw Academy (A,B), Super Star Club, Ayeyarwady United Academy (A,B), Bokalay Training Center စသည့် အသင်းများ ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် Mandalay Academy A အသင်းက Nay Pyi Taw Academy B အသင်းကို ပင်နယ်တီ အဆုံးအဖြတ် (၇-၆) ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ထို့ပြင် ၂၀၁၄ ခုနှစ် MFF 100 Plus U15 Championship 2014 လူငယ်ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပခဲ့ရာ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)လူငယ်အသင်းက ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့သည်။
ဂျပန် – အာဆီယံ ချစ်ကြည်ရေးအစီအစဥ်အဖြစ် ၂၀၁၄ ခုနှစ်က ဂျပန်နိုင်ငံတွင် ကျင်းပသော 2014 JFA Elite Programme U-14 Juvenile Football Exchange between Japan and ASEAN ဘောလုံးပွဲတော်တွင် မြန်မာယူ-၁၄ အသင်း အပါအဝင် ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းများနှင့် အိမ်ရှင်နိုင်ငံတို့ကပါ မြန်မာလူငယ်များ၏ ခြေစွမ်းအား အသိအမှတ်ပြုခဲ့ကြသည်။ မြန်မာယူ-၁၄ အသင်းတာဝန်ရှိသူများအနေဖြင့် ဂျပန်နိုင်ငံ၏ လူငယ်စီမံကိန်း ဆောင်ရွက်နေမှုများ၊ အိုဆာကာ ဘောလုံးအကယ်ဒမီနှင့် လေ့ကျင့်သင်ကြားပို့ချနေမှုများအား ပြိုင်ပွဲကာလအတွင်း သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ ပွဲတော်ကာလအတွင်း မြန်မာယူ-၁၄ ကစားသမားနှင့် MFF ဥက္ကဌဦးဇော်ဇော်တို့သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။
2014 Asian Youth Football Festa လူငယ်ဘောလုံး ပွဲတော်
၂၀၁၄ ခုနှစ်အတွင်းတွင် တော်ကိုရီးယားနိုင်ငံ ဟွာဆောင်းမြို့၌ သြဂုတ်လ(၈)ရက်မှ (၁၁)ရက်အထိ ကျင်းပပြုလုပ်သည့် 2014 Asian Youth Football Festa လူငယ်ဘောလုံးပွဲတော်ကြီးတွင် မြန်မာနိုင်ငံမှ အသက်(၁၂)နှစ်အောက်ဘောလုံးသမား(၁၃)ဦး ပါဝင်ဆင်နွှဲခဲ့သည်။ လူငယ်များ ကိုယ်ကျင့်စာရိတ္တကြံ့ခိုင်ရေး၊ အပျော်တမ်းဘောလုံးးလောက ပိုမိုကျယ်ပြန့်လာရေး၊ ဘောလုံးနှင့် ပညာရေး၊ ယဥ်းကျေးမှူအစီအစဥ်များ ပိုမိုလက်တွဲကာ လူငယ်များကို ပျိုးထောင်နိုင်ရေးတို့အား ရှေးရှုကာ တောင်ကိုရီးယား ယဥ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာန၏ ထောက်ပံ့မှုနှင့် တောင်ကိုရီယား အမျိုးသားအဆင့် လူငယ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှုးကျင်းပခြင်းဖြစ်ပြီး စုစုပေါင်း လူ(၁၃၀၀)ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ကမ္ဘောဒီးယား တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ကာဂျစ်စတန်၊ လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ တာဂျီကစ္စတန်၊ ထိုင်း၊ ဥဇဘက်ကစ္စတန် နှင့် ယီမင် နိုင်ငံတို့မှ လူငယ်ဘောလုံးအသင်း(၇၀)မှ(၈၀) အထိ ပါဝင်ခဲ့သည့် အဆိုပါ လူငယ်ဘောလုံးပွဲတော်တွင် ပွဲစဥ်များကို ပထမပိုင်း (၁၅) မိနစ်၊ နားချိန် (၁၀) မိနစ်၊ ဒုတိယပိုင်း (၁၅) မိနစ် ပုံစံဖြင့် အုပ်စုပတ်လည် ကစားစေခဲ့သည်။
2014 Asian Youth Football Festa Korea Group B-1 မှ ရလဒ်များ
Korea (Wansan FC) | 1-5 | Myanmar U-12 |
Myanmar | 1-1 | China (Quzhou FC) |
Myanmar | 2-0 | Thailand |
Myanmar | 3-0 | Korea (Yeongju Wings) |
2016 AFC U-14 Regional Festival of Football ဘောလုံးပွဲတော်
မြန်မာ ယူ-၁၄ အသင်းသည် ၂၀၁၆ခုနှစ် ဇူလိုင်လတွင် ဘရူနိုင်း နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၆ AFC U-14 Regional Festival of Football ဘောလုံးပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ ဘောလုံးပွဲတော်ဖြစ်သည့်အတွက် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဥ်များ ပြုလုပ်ခဲ့ခြင်းမရှိသော်လည်း ရလဒ်ကောင်းများ ရရှိခဲ့သည်။
2016 AFC U-14 Regional Festival of Football ဘောလုံးပွဲတော်မှ ရလဒ်များ
Brunei | 1-2 | Myanmar |
Vietnam | 3-1 | Myanmar |
Myanmar | 0-0 | Thailand |
Myanmar | 6-1 | Singapore |
တရုတ်-အာဆီယံ ချစ်ကြည်ရေး လူငယ်ဘောလုံးပြိုင်ပွဲ
မြန်မာ့ဘောလုံးအကယ်ဒမီ(မန္တလေး)မှ ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၃ အသင်းသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ၂၀၁၆ ခုနှစ် ဇူလှိုင်လ ၂၈ရက်မှ သြဂုတ်လ ၄ရက်ထိ ကျင်းပသည့် တရုတ်-အာဆီယံ ချစ်ကြည်ရေး လူငယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲမသွားမီ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် ဥက္ကဌဦးဇော်ဇော်က တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ မြန်မာ ယူ-၁၃အသင်းအနေဖြင့် ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည်။
တရုတ်-အာဆီယံ ချစ်ကြည်ရေး လူငယ်ဘောလုံးပြိုင်ပွဲမှ မြန်မာ ယူ-၁၃အသင်း၏ရလဒ်များ
China | 2 – 0 | Myanmar |
Myanmar | 2 – 0 | Vietnam |
Myanmar | 1 – 0 | Malaysia |
Myanmar | 1 – 0 | Shenbian (China) |
Soon Ching Ling Cup 2017
တရုတ်-အာဆီယံ ဖိတ်ခေါ် ဘောလုံးပွဲတော်
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)မှ ကျောင်းသားများအား အခြေခံ ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၂ လက်ရွေးစင်အသင်းသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ၂၀၁၇ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှ ၁၃ရက်အထိ ကျင်းပသည့် Soon Ching Ling Cup 2017 တရုတ်-အာဆီယံ ဖိတ်ခေါ် ဘောလုံးပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ စတုတ္ထရရှိခဲ့သည်။
Soon Ching Ling Cup 2017 ဘောလုံးပွဲတော်မှ မြန်မာယူ-၁၂အသင်း၏ ရလဒ်များ
အုပ်စုအဆင့်
မြန်မာ | ၂-၀ | အင်ဒိုနီးရှား |
မြန်မာ | ၁-၀ | တရုတ်(ခ) |
မြန်မာ | ၁၆-၀ | ကမ္ဘောဒီးယား |
မြန်မာ | ၀-၁ | ထိုင်း |
ဆီမီးအဆင့်
မြန်မာ | ၀-၃ | တရုတ်(က) |
တတိယနေရာလုပွဲ
မြန်မာ | ၁-၁ | လာအို |
( ၄ – ၅ ) ပင်
Soon Ching Ling Cup 2018
တရုတ်-အာဆီယံ ဖိတ်ခေါ် ဘောလုံးပွဲတော်
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)မှ ကျောင်းသားများအား အခြေခံ ဖွဲ့စည်းထားသည့် မြန်မာယူ-၁၂ လက်ရွေးစင် အသင်းသည် တရုတ်နိုင်ငံ ကျင်းပသည့် Soon Ching Ling Cup 2018 တရုတ်-အာဆီယံ ဖိတ်ခေါ်ဘောလုံးပွဲတော်သို့လည်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အဆင့်၅နေရာရရှိခဲ့သည်။ Soon Ching Ling Cup 2018 သို့ အိမ်ရှင် တရုတ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့ အုပ်စု(က)တွင် လည်းကောင်း၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ လာအို အသင်းတို့ အုပ်စု(ခ)တွင် လည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
မြန်မာယူ-၁၂အသင်းသည် အုပ်စုအဖွင့် ပွဲစဥ်တွင် ဗီယက်နမ်(၁၈-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး၊ ထိုင်းအသင်းနှင့်ပွဲစဥ်တွင် (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ တတိယပွဲစဥ်အဖြစ်ယှဥ်ပြိုင်သည့် လာအိုအသင်းနှင့် ပွဲစဥ်တွင် (၁-၁) ဂိုးရလဒ်ဖြင့် သရေကျခဲ့သည်။ အုပ်စု နောက်ဆုံးပွဲတွင် ကမ္ဘောဒီးယားအသင်းကို (၆-၀) ဂိုးဖြင့် မြန်မာအသင်း အနိုင်ရခဲ့ပြီး အုပ်စုတတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် အုပ်စု(က) ပထမတရုတ်အသင်းနှင့် အုပ်စု(ခ) ပထမထိုင်းအသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်ကစားရပြီး အုပ်စု(ခ) ဒုတိယရရှိခဲ့သည့် ဖိလစ်ပိုင်အသင်းနှင့်လာအိုအသင်းတို့ တတိယလုပွဲယှဥ်ပြိုင်ကစားခဲ့ကြသည်။ အုပ်စု (က)(ခ)တွင် တတိယနေရာမှ ရပ်တည်ခဲ့သည့် အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ပဥ္စမနေရာလုခဲ့ရာ ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက (၆-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
Soon Ching Ling Cup 2018 ဘောလုံးပွဲတော်မှ မြန်မာယူ-၁၂ အသင်း၏ ရလဒ်များ
အုပ်စုအဆင့်
မြန်မာ | ၁၈ – ၀ | ဗီယက်နမ် |
မြန်မာ | ၀ – ၂ | ထိုင်း |
မြန်မာ | ၁ – ၁ | လာအို |
မြန်မာ | ၆ – ၀ | ကမ္ဘောဒီးယား |
ပဥ္စမနေရာလုပွဲ
မြန်မာ | ၆ – ၀ | အင်ဒိုနီးရှား |
Soon Ching Ling Cup 2019
တရုတ်-အာဆီယံ ဖိတ်ခေါ် ဘောလုံးပွဲတော်
ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဝေခွဲမှူအရ မြန်မာ ယူ-၁၂ အသင်းသည် အုပ်စု(ခ)တွင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား အသင်းများနှင့်အတူ ကျရောက်ခဲ့ပြီး သြဂုတ်လ ၃ရက်နေ့တွင် အဖွင့်ပွဲစဥ်အဖြစ် ထိုင်းအသင်းနှင့် စတင်ယှဥ်ပြိုင် ကစားခဲ့သည်။
Soon Ching Ling Cup 2019 ဘောလုံးပွဲတော်မှ မြန်မာ ယူ-၁၂ အသင်း၏ ရလဒ်များ
Myanmar | 0 – 2 | Thailand |
Myanmar | 3 – 1 | Cambodia |
Myanmar | 3 – 3 | Vietnam |
Myanmar | 3 – 1 | Indonesia |
China | 2 – 0 | Myanmar |
အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဘောလုံးအကယ်ဒမီ ယူ-၁၃အသင်းသည် ၂၀၁၈ခုနှစ်၊ ဇူလိုင်လတွင်း ထိုင်းနိုင်ငံ အယုဒ္ဒယမြို့တွင် ကျင်းပသည့် Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစွမ်းပြ ငွေတံဆိပ်ဆုရယူနိုင်ခဲ့သည်။
Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲရလဒ်များ
အယုဒ္ဒယအက်ဖ်စီ | ၀ – ၄ | မြန်မာယူ-၁၃ |
မြန်မာယူ-၁၃ | ၉ – ၁ | ဘီးယားလာအို |
ဆီမီး
မြန်မာယူ-၁၃ | ၈ – ၀ | နာရာ ယူနိုက်တက် |
ဖိုင်နယ်
မြန်မာယူ-၁၃ | ၀ – ၁ | ပီတီတီ အကယ်ဒမီ |
Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲ
အာဆီယံ Dream Come True Project
ဂျပန် ဂျေလိပ်ကလပ် ဆီရီဇို အိုဆာကာအသင်းက ကျင်းပသည့် အာဆီယံ Dream Come True Project တွင် မြန်မာနိုင်ငံမှ ကစားသမားများ ပါဝင်နိုင်ရေးအတွက် လူရွေးချယ်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်၁၉က ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီမြက်ခင်းတုကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူရွေးပွဲကို အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်၊မန္တလေး၊ပုသိမ်)တို့မှ အသက်၁၅နှစ်အောက် ကစားသမား ၇၆ယောက် ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး ပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရသည့် ဆန်ခါတင် ဘောလုံးသမား ၅ယောက်မှာ အမျိုးသားဘောလုံးအကယ်ဒမီ(မန္တလေး)မှ ထွန်းအောင်လွင် (ဒိုက်ဦးမြို့)၊ အောင်ကိုမင်း (ဆိပ်ဖြူမြို့)၊ အောင်ကျော်မင်း (မန္တလေးမြို့)၊ ဇော်မျိုးထွန်း(မန္တလေးမြို့) နှင့် အမျိုးသားဘောလုံးအကယ်ဒမီ(ပုသိမ်)မှ ကျော်သူရဦး(မြောင်းမြမြို့) တို့ဖြစ်သည်။
အာဆီယံ Dreams Come True Project အတွက် လူရွေးချယ်မှုကို ဂျပန်ဂျေလိပ်ကလပ် ဆီရီဇို အိုဆာကာအသင်းမှ နည်းပြအဖွဲ့က လာရောက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံဒေသနိုင်ငံများဖြစ်သည့် ထိုင်းနှင့်မလေးရှားတို့မှ အသက်၁၅နှစ်အောက် ကစားသမားများကို ထပ်မံရွေးချယ်ခဲ့ရာ စုစုပေါင်း ၁၅ဦးဖြစ်သည်။
ဝူဟန်ဖိတ်ခေါ်ဖလား Wuhan International Youth Football Invitation Tournament 2019 ဘောလုံးပြိုင်ပွဲ
မြန်မာယူ-၁၄အသင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် ၂၀၁၉ခုနှစ် ဇွန်၂၉ရက်နေ့မှ ဇူလိုင်လ၅ရက်နေ့အထိ ကျင်းပသည့် တတိယအကြိမ်မြောက် ဝူဟန်ဖိတ်ခေါ်ဖလား (WUHAN Cup 2019 International Youth Championship) ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဝူဟန်ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို မြန်မာယူ-၁၄အသင်း အပါအဝင် အသင်း ၈သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု၂စုခွဲ၍ ကျင်းပခဲ့ရာ မြန်မာယူ၁၄အသင်းသည် အုပ်စု(က)တွင် တရုတ်ယူ-၁၄အသင်း၊ တောင်ကိုရီးယားယူ-၁၄အသင်း၊ အင်ဒိုနီးရှား ယူ-၁၄အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။
Wuhan International Youth Football Invitation Tournament 2019 ရလဒ်များ
China U14 | 5 – 0 | Myanmar U14 |
Myanmar U14 | 0 – 5 | South Korea U14 |
Myanmar U14 | 4 – 0 | Indonesia U14 |
Myanmar U14 | 0 – 1 | Wuhan U14 |
Myanmar U14 | 3 – 0 | Indonesia U14 |
ပြည်တွင်းအကယ်ဒမီများအချင်းချင်း ယှဉ်ပြိုင်ကစားခဲ့သည့် INTER ACADEMY FRIENDLY MATCHES များ
၂၀၁၇ ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြုစုပျိုးထောင်ထားသည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)၊ မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်)၊ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)နှင့် တပ်မတော်မှ တည်ထောင်ထားသည့် တပ်မတော်ဘောလုံးအကယ်ဒမီတို့မှ လူငယ်အသင်းများသည် အိမ်/အဝေး ယှဉ်ပြိုင်သည့် စနစ်ဖြင့် ခြေစမ်းပွဲများ အသီးသီး ယှဉ်ပြိုင် ကစားခဲ့ကြသည်။ ပါဝင် ယှဉ်ပြိုင်သည့်အသင်းများမှာ –
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ယူ၁၁(က)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ယူ၁၁(ခ)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ယူ၁၂(က)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ယူ၁၂(ခ)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ယူ၁၃(က)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ယူ၁၃(ခ)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်) ယူ၁၁(က)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်) ယူ၁၁(ခ)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်) ယူ၁၄(က)အသင်း
မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်) ယူ၁၄(ခ)အသင်း
အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) ယူ၁၂(က)အသင်း
အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) ယူ၁၂(ခ)အသင်း
တပ်မတော်ဘောလုံးအကယ်ဒမီ ယူ၁၃(က)အသင်း
တပ်မတော်ဘောလုံးအကယ်ဒမီ ယူ၁၅(က)အသင်း
တပ်မတော်ဘောလုံးအကယ်ဒမီ ယူ၁၅(ခ)အသင်း တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် အကယ်ဒမီကျောင်းသားလူငယ် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရရှိစေရန်၊ ခြေစွမ်းတိုးတက်လာစေရန်နှင့် ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အဆိုပါပွဲစဉ်များအား စီစဉ်ကျင်းပရခြင်းဖြစ်သည်။
ဒုတိယအကြိမ်မြောက် Inter Academy Friendly Matches ပြိုင်ပွဲကိုလည်း ၂၀၁၈ခုနှစ် ဇူလိုင် ၇ရက်မှ ဩဂုတ် ၂၅ရက် အထိ ကျင်းပခဲ့ပြီး အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)၊ ပုသိမ်ဘောလုံးအကယ်ဒမီ နှင့် တပ်မတော် ဘောလုံးအကယ်ဒမီ (နေပြည်တော်) တို့မှ ယူ-၁၃၊ ယူ-၁၄၊ ယူ-၁၆ အရွယ်အသင်းပေါင်း ၁၅သင်းသည် ရန်ကုန်၊မန္တလေး၊ပုသိမ်၊နေပြည်တော် တို့တွင် အိမ်ကွင်း၊အဝေးကွင်းပုံစံဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
တတိယအကြိမ်မြောက် Inter Academy Friendly Matches ပြိုင်ပွဲကိုလည်း ၂၀၁၉ခုနှစ် နိုဝင်ဘာ၂ရက်မှ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ ၉ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)၊ မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်)၊ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)၊ တပ်မတော်ဘောလုံးအကယ်ဒမီ(နေပြည်တော်)တို့မှ ယူ-၁၂၊ ယူ-၁၃၊ ယူ-၁၄၊ ယူ-၁၅ အသင်းများသည် အိမ်ကွင်း၊အဝေးကွင်း နှစ်ကျော့ကစားသည့်စနစ်ဖြင့် ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ဂျပန်၊ ထိုင်းနှင့် မြန်မာတို့ပူးပေါင်းကျင်းပသည့် လူငယ်အကယ်ဒမီများပြိုင်ပွဲ
MFF U-14 Football Tournament 2018
လူငယ်မျိုးဆက်အသစ်ကစားမားကောင်းများပေါ်ထွက်ရေး၊ လူငယ်ကစားသမားများ နိုင်ငံတကာပြိုင်ပွဲအတွေ့ကြုံရရှိရေးနှင့် လူငယ်မျိုးဆက်သစ်စဉ်ဆက်မပြတ်ပြုစုပျိုးထောင်ရေးတို့အတွက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့်ထိုင်းဘောလုံးအဖွဲ့ချုပ်တို့အတူတကွပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် အသက် ၁၄နှစ်အောက်အကယ်ဒမီဘောလုံးပွဲတော်တစ်ရပ်ကို ရန်ကုန်မြို့၊ မြန်မာအမျိုးသားဘောလုံးအကယ်ဒမီတွင်း ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၅ရက်နေ့မှ ၉ရက်နေ့ထိကျင်းပခဲ့သည်။
အဆိုပါဘောလုံးပွဲတော်တွင် မန္တလေးအကယ်ဒီ ယူ-၁၄နှင့် ပုသိမ်အကယ်ဒီယူ-၁၄၊ဂျပန် ဖူကူရှီးမား အကယ်ဒမီယူ-၁၄အသင်းနှင့်ထိုင်းယူ -၁၄လက်ရွေးစင် အသင်းတို့လေးသင်းပတ်လည်ယှဉ်ပြိုင် ကစားခဲ့ကြသည်။
MFF U-14 Football Tournament 2018 ရက်လဒ်များ
6 August 2018 | Mandalay Academy U14 | 1-2 | Thailand U14 |
6 August 2018 | Pathein Academy U14 | 0-5 | Fukushima Academy U14 |
7 August 2018 | Mandalay Academy U14 | 2-1 | Pathein Academy U14 |
7 August 2018 | Fukushima Academy U14 | 0-1 | Thailand Academy U14 |
8 August 2018 | Thailand U14 | 8-0 | Pathein Academy U14 |
Third place match
9 August 2018 | Mandalay Academy U14 | 2-0 | Pathein Academy U14 |
Final
9 August 2018 | Thailand U14 | 3-0 | Fukushima U14 |
လူငယ်အသင်းများကိုလေ့ကျင့်ခြေစမ်းခရီးစဉ်များ စေလွှတ်မှုများ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဉီးဇော်ဇော် လက်ထက်တွင်လူငယ်အသင်းလက်ရွှေးစင်အသင်းများနိုင်ငံ တာအတွေ့ကြုံကောင်းများ ရရှိစေရေး၊ခြေစွမ်းတိုးတက်ကောင်းမွန်စေရေးအတွက် ပြည်ပနိုင်ငံများသို့ လေ့ကျင့်ခြေစမ်းခရီးစဉ်းများကိုစေလွှတ်ခဲ့ပါသည်။
ပဏာမ မြန်မာလက်ရွေးစင် ယူ-၁၈၏ တရုတ်လေ့ကျင့်ခြေစမ်း ခရီးစဉ် (၂၀၁၆)
ပမဏာမ မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းသည် လေ့ကျင့်ခြေစမ်းမှုးများ ပြုလုပ်ရန်အတွက် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ကွမ်းကျိုးမြို့သို့ရက် ၂၀ခန့်သွားရောက်ခဲ့သည်။ ရက်၂၀ခန့်ကာလအတွင်း ဒေသခံဘောလုံးအသင်းများနှင့်ခြေစမ်းပွဲငါးပွဲကစားခဲ့သည်။
တရုတ်နိုင်ငံ၊ ကွမ်းကျိုးခရီးစဉ်အတွင် ပဏာမမြန်မာယူ-၁၈ အသင်း၏ရလဒ်များ
မြန်မာ ယူ-၁၈ | ၃-၃ | ကွမ်းကျိုး ယူ-၁၈ |
မြန်မာ ယူ-၁၈ | ၁-၂ | ကွမ်းကျိုး အဲဗားဂရန်ဒီယူ-၁၈ |
မြန်မာ ယူ-၁၈ | ၃-၄ | ကွမ်ဒုံးပြည်နယ်လူငယ်အသင်း |
မြန်မာ ယူ-၁၈ | ၀-၁ | ကန်တုံယူ-၂၀ |
မြန်မာ ယူ-၁၈ | ၂-၂ | ရှန်ဟိုင်းတုံဂျီ တက္ကသိုလ်အသင်း |
မြန်မာယူ-၁၆ အသင်း၏ ထိုင်းလေ့ကျင်းခြေစမ်း ခရီးစဉ် (၂၀၁၇)
မြန်မာလက်ရွေးစင်ယူ-၁၆ အမျိုးသားအသင်းသည် ၂၀၁၇စတင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံ သို့ လေ့ကျင့်ခြေစမ်းခရီး သွားရောက်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။
ထိုင်းခရီးစဉ်တွင်မြန်မာယူ-၁၆ အသင်း၏ရလဒ်များ
မြန်မာ ယူ-၁၆ | ၀-၅ | ချောင်ဘူရီ လူငယ်အသင်း |
မြန်မာ ယူ-၁၆ | ၁-၁ | Bangkok Christian College လူငယ်အသင်း |
မြန်မာ ယူ-၁၆ | ၃-၃ | ကမ္ဘာဒီးယား ယူ-၁၆ |
မြန်မာ ယူ-၁၉အသင်း၏ ဂျပန်လေ့ကျင်းခြေစမ်းခရီစဉ် (၂၀၁၇)
မြန်မာလက်ရွေးစင်ယူ-၁၉အသင်းသည် အာရှယူ-၁၉ချန်ပီယံပြိုင်ပွဲခြေစစ်ပွဲအတွက်ကြိုတင်လေ့ကျင့်မှုများပြုလုပ်ရန် ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းတွင် ဂျပန်နိုင်ငံသို့သွားရောက်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲယှဉ်ပြိုင် ကစားခဲ့သည်။
ဂျပန်ခရီးစဉ်အတွင်း မြန်မာယူ – ၁၉ အသင်း၏အရလဒ်များ
မြန်မာ ယူ-၁၉ | ၀-၅ | ဟာနန်တက္ကသိုလ် |
မြန်မာ ယူ-၁၉ | ၀-၂ | ဂမ်ဘာအိုဆာကာ |
မြန်မာ ယူ-၁၉ | ၀-၅ | ဟာနန်တက္ကသိုလ် |
မြန်မာ ယူ-၁၆ အသင်း၏ထိုင်းလေ့ကျင့်ခြေစမ်းခရီးစဉ်(၂၀၁၈)
မြန်မာလက်ရွေးစင်ယူ-၁၆ အသင်းသည် ၂၀၁၈အာဆီယံချန်ပီယံရှစ်အတွက်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၈ခုနှစ်၊ဇူလိုင်လအတွင်တွင် လေ့ကျင်းရေး ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့သွားရောက်ပြီး ထိုင်းယူ-၁၆ အသင်းနှင့်ခြေစမ်းခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့သည်။
မြန်မာ ယူ-၁၈အသင်း၏ ဂျပန်လေ့ကျင်းရေးခရီးစဉ် (၂၀၁၉)
အာဆီယံယူ-၁၈ချန်ပီယံရှစ်ပြိုင်ပွဲနှင့်အာရှယူ-၁၉ချန်ပီယံရှစ် ခြေစစ်ပွဲအတွက်ပြင်ဆင်သည့်အနေဖြင့် မြန်မာ ယူ-၁၈ အသင်းသည် ဂျပန်နိုင်ငံ၊အိုဆာကာမြို့ရှိ J-GREEN SAKAI လေ့ကျင်းရေးစင်တာတွက် ၂၀၁၉ခုနှစ်၊ ဇူလိုင် ၁၆မှ၂၆ထိ ၁၀ရက်ကြာနေထိုင်လေ့ကျင့်ပြီး ခြေစမ်းပွဲ ခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင်ကစားခဲ့သည်။
ဂျပန်လေ့ကျင်းခြေစမ်း ခရီးစဉ်အတွင်းမြန်မာယူ-၁၈ အသင်း၏ခြေစမ်းပွဲရလဒ်များ
Cerezo Oaska U18 | 1-2 | MYANMAR U18 |
Kindai University | 1-0 | Myanmar U18 |
Hannan University | 5-0 | Myanmar U-18 |
MFF U-14 Talented Identification Tournaments ပြိုင်ပွဲကျင်းပပြီး အသက်၁၄နှစ်အောက်အရည်သွေးမြင့် ကစားသမားများအားရွေးချယ်ခြင်း
မျိုးဆက်သစ်ကစားသမားများ ရွေးချယ်နိုင်ရန်အတွက် MFF U-14 Talented Identification Tournament ပြိုင်ပွဲကို ၂၀၁၉ခုနှစ်၊ မတ်လ၆ရက်နေ့မှ၁၄ရက်နေ့ထိ ရန်ကုန်မြို့ အောင်ဆန်ကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
MFF U-14 Talented Identification Tournament ကိုတရက်လေးပွဲနှုန်းဖြင့် အုပ်စု(၂)စုခွဲကာကျင်းပပြုလုပ်ခဲ့ပြီးအုပ်စု(က)တွင်းMPT MN (A)အသင်း၊ MFF Youth(B) အသင်း၊100PLUS(B) အသင်းနှင့် 100PLUS(C)အသင်း၊အုပ်စု(ခ)တွင် MPT MNL(B)အသင်း၊YUFC Youth အသင်း၊100PLUS(A)အသင်းနှင့်MFF Youth(A) အသင်း စုစုပေါင်းအသင်း(၈)သင်းပါဝင်ခဲ့ကြသည်။
ပြိုင်ပွဲအသင်းများသည်၂၀၁၈ခုနှစ်အတွင်းတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် MPT MNLဘောလုံးပွဲတော်များမှထွက်ပေါ်လာခဲ့သည့်ထူးချွန်ကစားသမားများ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်100plusတို့ပူးပေါင်းကျင်းပသည့် MFF U-14 100plus ပြိုင်ပွဲမှထွက်ပေါ်လာသည့်တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှထူးချွန်ကစားသမားများ၊ MFF ဘောလုံးအကယ်ဒမီများမှ လူငယ်ကစာသမားများ၊ YUFC အသင်းမှမွေးထုတ်ပေးခဲ့သည့်မျိုးဆက်သစ်ကစားမားများအားစုဖွဲ့ထားခြင်းဖြစ်သည်။
ဘရာဇီးလ်ကွင်းလယ်လူဟောင်း အက်ဒ်မီလ်ဆင်နှင့် လူငယ်ဘောလုံးပွဲတော်
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် CBF၊ဂျပန်အခြေစိုက်အာရှလူငယ်ဘောလုံးဖွံ့ဖြိုးရေးအဖွဲ့စည်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် CBF Camp With Edmilson at Myanamr လူငယ်ဘောလုံးပွဲတော်ကို ၂၀၁၈ခုနှစ်၊မတ်လ ၂၈နှင့် ၂၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင်နှင့်ဘာစီလိုနာကွင်းလယ်လူဟောင်းအက်ဒ်မီလ်ဆင်ဦးဆောင်၍MFFမြက်ခင်းတုကွင်းတွင်မြန်မာလူငယ်များအား (၂)ရက်ကြာသင်ကြားပြသပေးခဲ့သည်။
J. League Football Clinic
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် J. League ESihf AISA Center of JAPAN FOUNDATION တို့ပူးပေါင်းကျင်းပသည့် J. League Football Clinic အစီစဉ်ကို ၂၀၂၀ခုနှစ်ဖေဖော်ဝါရီ ၁၀ရက်မှ၁၄ရက်ထိ ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)တွင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစီစဉ်ဖွင့်ပွဲအခမ်းနားကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်၊မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးမစ္စတာ အီချီရိုမာရူယာမ၊ Albirex Singapore မှ CEOမစ္စတာနမ်ဘ၊ဂျပန်ဖောင်ဒေးရှင်း(မြန်မာ)မှအကြီးကဲမစ္စတာဆာတို တို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
J. League Football Clinic အစီစဉ်အရဂျပန်နှင့်မြန်မာနည်းပြများပူးပေါင်း၍အသက်(၁၂)နှစ်အောက်ကလေး၈၀ဦးကို ဖေဖော်ဝါရီ ၁၀ရက်မှ၁၄ရက်အထိ အခြေခံဘောလုံးနည်းစနစ်များသင်ကြားပြသပေးခဲ့ကြသည်။