ဆဋ္ဌမ အကြိမ်မြောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံ 6th MFF Congress 2023 အခမ်းအနား ကျင်းပ
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဆဋ္ဌမ အကြိမ်မြောက် ညီလာခံအား ယနေ့ နံနက်(၁၀း၀၀)နာရီက Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အဖွဲ့ချုပ် တာဝန်ရှိသူများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ၁၉၀ မြို့နယ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူ(၂၁)ဦး၊ အဖွဲ့ချုပ် ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရှိတ်ဆာလမန် တို့က အမှာစကားအသီးသီး ပြောကြားခဲ့ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ ညီလာခံအား အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့သည်။
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း
ကွန်ဂရက်စ်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၃ ခုနှစ်အတွက် ရငွေ/သုံးငွေ စာရင်းများနှင့် ဘဏ္ဏာရေး အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၂၃ ခုနှစ် ငွေစာရင်း ရှင်းလင်းချက်အရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ စိုက်ထုတ်ငွေ USD 1,825,533 အပါအဝင် အရပ်ရပ်ဝင်ငွေ စုစုပေါင်းမှာ USD 5,517,480 ဖြစ်ပြီး လည်ပတ်သုံးစွဲငွေ စုစုပေါင်းမှာ USD 6,183,734 ဖြစ်ရာ လိုငွေ USD 666,255 ရှိကြောင်းတွေရှိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ငွေစာရင်းနှင့် ပတ်သက်၍ ပြင်ပ စာရင်းစစ်အဖွဲ့၏ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် အစီရင်ခံစာအား JF Group (Audit Firm) မှ Managing Partner ဦးဝမ်တင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းပုံစည်းမျဉ်းများ Statutes of Myanmar Football Federation [Edition – 2023] နှင့်စပ်လျဉ်း၍ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းစိန်က ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။ ဉပဒေရေးရာ ကော်မတီဥက္ကဋ္ဌ၏ ရှင်းလင်းတင်ပြချက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ရွေးကောက်ပွဲအား လာမည့် ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထည့်သွင်းကြေညာခဲ့သည်။
ကွန်ဂရက်စ်တွင် ၂၀၂၄ ခုနှစ်အတွက် ရငွေ/သုံးငွေ ကြိုတင်ရေးဆွဲခြင်းအား ရှင်းလင်းတင်ပြခြင်း၊ ဆန္ဒမဲ ရေတွက်ခြင်းနှင့် အတည်ပြုချက်များ ရယူခြင်း စသည့် ကွန်ဂရက်စ်အစီအစဉ်များအား ဆက်လက်ကျင်းပခဲ့ပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ ၂၀၂၃ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံအား ရုတ်သိမ်းခဲ့သည်။
အောက်ပါ PDF File တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ၆ ကြိမ်မြောက် ညီလာခံ အခမ်းအနား အစီအစဉ်များနှင့် ရှင်းလင်းတင်ပြချက်များအား အသေးစိတ် ကြည့်ရှုနိုင်ပါသည်။
အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa မှ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း
၂၀၂၃ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း
ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၃ ခုနှစ်အတွက် ရငွေ/သုံးငွေ စာရင်းများနှင့် ဘဏ္ဏာရေး အခြေအနေများအား ရှင်းလင်းတင်ပြခြင်း
Statutes of Myanmar Football Federation [Edition – 2023] နှင့်စပ်လျဉ်း၍ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းစိန်က ဆက်လက်ရှင်းလင်းတင်ပြခြင်း
ပြင်ပ စာရင်းစစ်အဖွဲ့၏ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် အစီရင်ခံစာအား JF Group (Audit Firm) မှ Managing Partner ဦးဝမ်တင်မှ ရှင်းလင်းတင်ပြခြင်း
MFF 2023 Activities

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၂၀၂၃ ခုနှစ်အတွင်း တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ဘဏ္ဍာရေး ရှင်းတမ်းများအား အောက်ပါ PDF File တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။