
ကမ္ဘောဒီးယားနှင့် ခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
July 5, 2016
နောက်ဆုံးမိနစ် သွင်းဂိုးများဖြင့် မြန်မာ ယူ-၁၆ အသင်း အိမ်ရှင် ကမ္ဘောဒီးယားကို အနိုင်ရ
July 6, 2016မြန်မာ ဘရူဝါရီ လီမီတက် (MBL)မှ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သို့ MFF Official Partner အဖြစ် ပံ့ပိုးကူညီဆောင်ရွက်ရန် နှစ်ဖက် သဘောတူ စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ ဇူလိုင်လ (၅)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာ ဘရူဝါရီ လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ Mr. Takeshi Minakata က “MFF Official Partner” အဖြစ်ပါဝင် ပံ့ပိုးကူညီရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ ဘရူဝါရီ လီမိတက်တို့ နှစ်ဖက် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကာ သတင်းမီဒီယာများ၏ မေးမြန်းမှုများအား အသီးသီး ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။
“မြန်မာနိုင်ငံ အတွက်ရော၊ နိုင်ငံသူ နိုင်ငံသားတွေ အတွက်ရော ကျွန်တော်တို့ အမြဲရှိနေပါမယ်။ မြန်မာနိုင်ငံနဲ့မြန်မာ့ လူအဖွဲ့အစည်း အတွက် ကျွန်တော်တို့ တတ်စွမ်းနိုင်သမျှ ကူညီပေးသွားပါမယ်လို့ ကတိပြုပါတယ်။ ကျွန်တော်တို့မှာ CSR လုပ်ငန်းတွေ ဆောင်ရွက်တဲ့အဖွဲ့ ရှိပါတယ်။ ကရုဏာရှေ့ရှု မြန်မာမှု လို့ဆောင်ပုဒ် အမည်နာမ ပေးထားတဲ့ Myanmar Care အဖွဲ့ပဲဖြစ်ပါတယ်။ Myanmar Care အဖွဲ့နဲ့ MBL ရဲ့ ပရဟိတ အကျိုးပြုလုပ်ငန်းတွေ ကို နှစ်များစွာ ဆောင်ရွက်နေ ပါတယ်။ မြန်မာ့ ဘောလုံး အတွက်လည်း ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိပါတယ်။ အနာဂတ် မြန်မာ့လက်ရွေး စင် အသင်းအောင်မြင်မှု ရဖို့ MFF နဲ့အတူတကွ ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပြီး မြန်မာ အသင်းနဲ့ အတူတူ ပိုပြီးတောက်ပတဲ့ အနာဂတ်ကို အတူတကွ လက်တွဲသွားကြပါမယ်” ဟု Mr. Takeshi Minakata ကပြောကြားသည်။
မြန်မာ ဘရူဝါရီ လီမိတက်သည် ယခုမှစတင်၍ ပံ့ပိုးကူညီခြင်း မဟုတ်ဘဲ မြန်မာ့ ဘောလုံးအတွက် ယခင်နှစ်များကပင် MFF နှင့်အတူတကွ လက်တွဲဆောင် ရွက်ခဲ့သည်ကို အများသိရှိကြပြီး ဖြစ်သည်။ မြန်မာ့ ဘောလုံးလောက၏ အဓိက လိဂ်ပြိုင်ပွဲကြီးဖြစ် သည့် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်များတွင် Title Sponsor အဖြစ် (၃)နှစ်ဆက်တိုက် စေတနာ အပြည့်ဖြင့် ပါဝင်ပံ့ပိုး ကူညီခဲ့သည့် အဖွဲ့အစည်းလည်းဖြစ်ပါသည်။ အလားတူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်တွင်လည်း စပွန်ဆာအဖြစ် ပံ့ပိုး ကူညီခဲ့ပါသည်။
ယခု သဘောတူ စာချုပ်အရ မြန်မာ ဘရူဝါရီ လီမိတက် အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ Official Partner အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ (၅)နှစ်တာ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းကာလအတွင်း မြန်မာ့ ဘောလုံး လောကနှင့် မြန်မာ့ လက်ရွေးစင် အသင်းကြီး နိုင်ငံတကာ အောင်မြင်မှု ရရေးအတွက် MFF နှင့်လက်တွဲ၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ပေးသွား မည်ဖြစ်ပါသည်။
မြန်မာ ဘရူဝါရီ လီမိတက်သည် လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပမည့် အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို AFF MYANMAR FUTSAL CLUB CHAMPIONSHIP 2016 အမည်ဖြင့် လည်းကောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပမည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို AFF MYANMAR WOMEN’S CHAMPIONSHIP 2016 အမည်ဖြင့်လည်းကောင်း Title Sponsor အဖြစ်လည်း ပံ့ပိုးကူညီပေး ထားပါသည်။