
ပြိုင်ပွဲဝင် အသင်း ၁၀ သင်း ဝင်ပြိုင်မည့်AFF Myanmar Futsal Club Championship 2016
July 9, 2016
AFF Myanmar Futsal Club Championship ဖွင့်ပွဲ အခမ်းအနား ကျင်းပ
July 10, 2016မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းတို့ ခြေစမ်းပွဲအား ယနေ့ညနေ (၅း၀၀)နာရီက မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပရာ မြန်မာအသင်းက (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ခြေစမ်းပွဲကို ယခုလအတွင်း မန္တလေးမြို့တွင် ကျင်းပမည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ AFF Women’s Championship 2016 အတွက် ကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ကျင်းပခြင်း ဖြစ်ပြီး နှစ်သင်းစလုံးအတွက် အကျိုးရှိသော ခြေစမ်းပွဲ တစ်ရပ်ဖြစ်ခဲ့သည်။
မြန်မာအသင်းသည် ရှေ့တန်းတွင် ရီရီဦး၊ ဝင်းသိဂိ ၤထွန်း၊ အလယ်တန်းတွင် ခင်မာလာထွန်း၊ နော်အားလိုဝါးဖော၊ စန်းစန်းမော်၊ ခင်မိုးဝေ၊ နောက်တန်းတွင် ခင်သန်းဝေ၊ ဝေေ၀အောင်၊ ဇင်မာဝင်း၊ ဖူးပွင့်ခိုင်၊ ဂိုးသမားအဖြစ် မြဖူးငုံတို့ ပွဲထွက်လာခဲ့ပြီး ထိုင်းအသင်းမှာလည်း ယခင်လူဟောင်း အချို့နှင့်လူသစ်အချို့ တွဲဖက်ပွဲထုတ်ကာ ယှဉ်ပြိုင်ခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် မြန်မာရော ထိုင်းပါ နှစ်သင်းစလုံး အပြန်လှန် ထိုးဖော်က ခဲ့ကြသော်လည်း ဂိုးမရခဲ့ပေ။ ဒုတိယပိုင်း အရောက်တွင် မြန်မာအသင်း တွဲလုံးများမှ ရီရီဦး လွတ်လွတ်ကျွတ်ကျွတ် ဆွဲထွက်သွားပြီး ဂိုးသမား နှင့် တစ်ယောက်ချင်း အတွေ့တွင် အပိုင် အခွင့်အရေး အသုံးချကာ မြန်မာအတွင် အနိုင်ဂိုး ရရှိစေခဲ့သည်။ ထိုင်းအသင်း ချေပဂိုး အတွက် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မြန်မာနောက်တန်းနှင့် ဂိုးသမား များဖူးငုံတို့ အကောင်းဆုံး ခုခံကာကွယ်ပြီး အနိုင်ဂိုးအား ပွဲသိမ်းခရာမှုတ်ချိန်အထိ ထိန်းသွားနိုင်ခဲ့သည်။
ယခုပွဲစဉ်သည် မြန်မာနည်းပြသစ် ရော်ဂျာအတွက် အာဆီယံပြိုင်ဘက် အသင်း တစ်သင်းနှင့် စတင်တွေ့ဆုံသည့် ပွဲစဉ်ကို နိုင်ပွဲဖြင့် ဖွင့်လှစ်သွားနိုင်ခဲ့ခြင်း လည်းဖြစ်သည်။