
မြန်မာနှင့်ထိုင်း ပွဲစဉ်တွင် လက်မှတ်မှောင်ခိုများ၊ ရမ်းကားဆူပူသူ အချို့နှင့် တုတ်/ဓား လက်နက် သယ်ဆောင်သူများအား ဖမ်းဆီးထိန်းသိမ်းခဲ့
December 8, 2016
FIFA Executive Football Summit and FIFA Forward Programme Workshop စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိ
December 8, 2016မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ့လက်ရွေးစင် အသင်းတည်းခိုရာ ဟိုတယ်တွင် လက်ရွေးစင်အသင်း နည်းပြအဖွဲ့နှင့် ကစားသမားများအား တွေ့ဆုံ၍ ယနေ့ညနေ မြန်မာစံတော်ချိန် (၆း၃၀)နာရီတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင် ကစားမည့် ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အား နိုင်ငံနှင့် မြန်မာ့ဘောလုံး ပရိသတ်များအတွက် အစွမ်းကုန် ပေးဆပ် ကစားသွားရန် တိုက်တွန်း မှာကြားသွားခဲ့သည်။
” နောက်ဆုံးမိနစ် အထိ ခရာ မမှုတ်မခြင်း တိုက်ပွဲဝင်ရမယ်။ လုံး၀ တစ်စက်ကလေးမှ အလျှော့မပေးဘဲနဲ့ သွေးထွက်ထွက် ချွေးထွက်ထွက် လုပ်ရမယ်။ တော်ရုံစိတ်ဓာတ်နဲ့ မရဘူး။ မချိမဆန့်ကွာ နိုင်ငံအတွက် တိုက်ပွဲဝင်တယ်၊ မင်းတို့ လုပ်တယ်ဆိုရင် မင်းတို့ဘာအဖြေ ထွက်ထွက် ငါတို့ လက်ခံတယ်။ မြန်မာပြည်မှာ ပရိသတ်တွေရဲ့ ယဉ်ကျေးမှု ပြခဲ့ပြီးသွားပြီ။ ကစားသမားတွေ အနေနဲ့ စိတ်ဓာတ် တက်ကြွမှု ဘယ်လောက်ရှိတယ်ဆိုတာ ပြစေချင်တယ်။ ယုံကြည်တယ်။ ရဲရဲဝံ့ဝံ့လုပ်။ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ကိုယ်မှာရှိတဲ့ ပရိသတ်။ ငါတို့ရှိသလောက် ငါတို့အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ မင်းတို့ကို ငါတို့ အားလုံးယုံတယ်။ ဒီနေ့ အကောင်းဆုံး လုပ်မယ်။” စသဖြင့် ကစားသမားများအား တိုတ်တွန်း စကားဆိုခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်းအသင်းတို့ ပွဲစဉ်ကို ယနေ့ညနေ ၆း၃၀ နာရီ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာပရိသတ်များ၊ မြန်မာနိုင်ငံမှ လာရောက်ကြည့်ရှုသည့် ပရိသတ်များလည်း အတူတကွ အားပေးကြမည် ဖြစ်သည်။ ထို့အပြင် မြန်မာ့ ရုပ်မြင်သံကြား (MRTV) နှင့် MRTV-4 ရုပ်သံများမှလည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။




