
နောက်ဆုံးမိနစ် အထိ ခရာ မမှုတ်မခြင်း တိုက်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင် အသင်းအား MFF ဥက္ကဋ္ဌ ဦးဇော်ဇော် တိုက်တွန်း
December 8, 2016
၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကို ဆီမီးဖိုင်နယ် အဆင့်ဖြင့်သာ မြန်မာအသင်း ကျေနပ်ခဲ့ရ
December 8, 2016စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာလ ၇ – ၉ ရက်နေ့အထိကျင်းပလျက်ရှိသည့် FIFA Executive Football Summit နှင့် FIFA Forward Programme Workshop သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်နှင့် အထွေထွေအတွင်းရေးမှုး ဦးကိုကိုသိန်းတို့ တက်ရောက်လျက်ရှိသည်။
အဆိုပါ အစည်းအဝေးများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး FIFA President Gianni Infantino က ဖီဖာ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဘောလုံးအဖွဲ့ချုပ်များအား ကူညီထောက်ပံ့ပေးမှုများ၊ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် သက်တမ်းအလိုက်ပြိုင်ပွဲများတွင် အသင်းအရေအတွက်တိုးချဲ့ကျင်းပရေး ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဘောလုံးအဖွဲ့ချုပ်အသီးသီးမှ ပြန်လှန်ဆွေးနွေးခဲ့ကြသည်။
ဒီဇင်ဘာ ၉ ရက်နေ့တွင် FIFA Forward Programme Workshop အား ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်များ Forward Programme လျောက်ထားရမည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးကြမည်ဖြစ်သည်။