
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မျိုးဆက်သစ် ဒိုင်လူကြီး သင်တန်း ၂/၂၀၁၈ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
June 1, 2018
ဖူကူရှီးမား အကယ်ဒမီ ယူ-၁၄ အသင်း မြန်မာနိုင်ငံသို့ လာရောက် ပူးတွဲလေ့ကျင့်မည်
June 5, 2018မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ဖွင့်လှစ်သော MFF Coaches Refresher Course 2018 သင်တန်း ဆင်းပွဲ အခမ်း အနားကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ဇွန်လ ၁ ရက်နေ့ နေ့လည် ၃နာရီ အချိန်က ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး (အာရှဘောလုံး အဖွဲ့ချုပ် သင်တန်းနည်းပြ ဆရာ) ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား နည်းပြဆရာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် သင်တန်းနည်းပြဆရာ ဦးတင်မြင့်အောင်တို့မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ထိုသင်တန်းကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်းများတွင် တာဝန်ထမ်းဆောင်နေသော သင်တန်းသား နည်းပြ ၂၂ ဦးတက်ရောက် သင်ကြားခဲ့ခြင်းဖြစ်သည်။