
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း၏ အာဆီယံ ချန်ပီယံ ရှစ် ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်
September 11, 2018
Six-story Cardiac Complex For Yankin Children Hospital
September 22, 2018အာရှ ယူ၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းသည် ထိုင်းလက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာနှင့်ထိုင်း အမျိုးသမီး ယူ၁၉ ခြေစမ်းပွဲများကို အောက်တိုဘာ ၅ ရက်နေ့ ညနေ ၃း၃၀ နာရီ နာရီနှင့် အောက်တိုဘာ ၇ ရက်နေ့ ညနေ ၆း၀၀ နာရီတို့တွင် Thuwunna Stadium အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။
ရန်ကုန်မြို့သို့ ခြေစမ်းပွဲများ လာရောက်ကစားမည့် ထိုင်းလက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းတွင် အုပ်ချုပ်နည်းပြ အဖွဲ့ဝင် ၈ ဦးနှင့် ကစားသမား ၂၃ ဦး ပါဝင်မည် ဖြစ်သည်။