
AFC Women’s Football Day 2022 အစီအစဉ်များ ကျင်းပပြုလုပ်
March 8, 2022
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ
March 12, 2022ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုကို ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ပြုလုပ်နေပြီဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် လက်ရှိအချိန်တွင် ကစားသမား ၂၂ ဦး၊ အုပ်ချုပ်နည်းပြ ၇ ဦးဖြင့် သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများအဆောင်တွင် စခန်းဝင်လေ့ကျင့်နေခြင်းဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီဂိမ်းပြိုင်ပွဲမတိုင်မီ ဧပြီလတွင် ထိုင်းနိုင်ငံသို့သွားရောက်၍ ဖိတ်ခေါ်ပြိုင်ပွဲကစားပြီး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက် ထိုင်းနိုင်ငံမှတစ်ဆင့် ဆီဂိမ်းပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လူစာရင်း
အုပ်ချုပ်/နည်းပြအဖွဲ့
အဖွဲ့ခေါင်းဆောင် – ဦးနိုင်သောင်းထိုက်
နည်းပြချုပ် – ဦးတင်မောင်ဌေး
လက်ထောက်နည်းပြ – ဦးဇော်ရဲမောင်
ဂိုးနည်းပြ – ဦးဟန်မင်းထွဠ်
အသင်းအတွင်းရေးမှူး- ဒေါ်သီတာကြည်
အကြောကျွမ်းကျင် – ဦးသူရတိုး
မီဒီယာ အရာရှိ – ဦးသီဟအောင်
ဂိုးသမားများ
ဇင်မင်းထွန်း(သစ္စာအားမာန်)၊ ခိုင်နှင်းသက်(ISPE)၊ နွယ်နွယ်စိုး(ဧရာဝတီ)။
ကစားသမားများ
အေးအေးထွေး(YREO)၊ နန်းခမ်းမို(SPED)၊ ဝင်းဝင်းခိုင်( ဖူဆယ်ချစ်သူ)၊ နန့်မေသဇင်(ISPE)၊ ခိုင်သဇင်ဦး(ISPE)၊ ခိုင်ပြည့်လင်း (ISPE)၊ စုပိုပိုကျော်( Shin Lay-2)၊ဝါဝါခိုင်(SPED)၊ ခင်မာလင်း (SPED)၊ အေးငြိမ်းသူ (SPED)၊ ဖြူဖြူကျော် (ကချင်)၊ နန်းဟွန်းလှိုင် (SPED)၊ ဇင်မိုးပြည့် (ရန်ကုန်)၊ မေဇင်ဦး( ရန်ကုန်)၊ လာအဲဝါ (ရန်ကုန်)၊မေသက်ပိုင်(ပဲခူး)၊ နှင်းစန္ဒာလှိုင် (သစ္စာအားမာန်)၊ ယမင်းလွင် (သစ္စာအားမာန်)၊ ယွန်းမီမီလွင် (သစ္စာအားမာန်)။
