
အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် တတိယလုပွဲတွင် ထိုင်းကို အရေးနိမ့်ခဲ့သည့် မြန်မာ
August 4, 2022
ဖူဆယ်ဒိုင်လူကြီး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
August 6, 2022မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ) ဒုတိယမြောက် ပွဲစဉ်တွင် မလေးရှား အသင်းနှင့် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- ဆလိုင်းအံ့ဘွယ်မောင်၊ နောက်တန်း- သူရဇော်၊ မြတ်ဘုန်းခန့်၊ ထူးဝေယံ၊ လင်းထက်ဦး၊ အလယ်တန်း- ခွန်းချိုထူး၊ ဟန်ထွန်းဇော်၊ စောမျိုးဇော်၊ ဘရန်းဒွန်းလီ၊ ရှေ့တန်း- ရှိင်းဝဏ္ဏအောင်နှင့် ကောင်းထက်တို ပါဝင် ကစားခဲ့ကြသည်။
ပွဲစတင်သည်နှင့် မလေးရှားအသင်းက တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၂ မိနစ်တွင် တိုက်စစ်မှူး မိုဟာမက်ဒိုင်နီဘင်မက်ဒီဆာက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။
ပွဲအစပိုင်းတွင် မြန်မာအသင်း အချိတ်အဆက်မိရန် ရုန်းကန်ခဲ့ရသော်လည်း ပထမပိုင်း ၁၅ မိနစ် နောက်ပိုင်းတွင် ကစားပုံ ကောင်းမွန်လာခဲ့ကာ မလေးရှားအသင်းဘက်သို့ ပြန်လည်ထိုးဖောက်လာနိုင်ခဲ့ပြီး အခွင့်အရေးများလည်း ရရှိခဲ့သည်။
ပထမပိုင်းအပြီးတွင် မြန်မာအသင်း လူစားလဲမှုအချို့ပြုလုပ်ခဲ့ပြီး ကောင်းခန့်ဇော်၊ စိုင်းဇေယျာကျော်၊ အောင်ဇော်မျိုး အစရှိသည့် ကစားသမားများ လူစားဝင် ကစားခဲ့ကြသည်။
ဒုတိယပိုင်း မိနစ် ၅၀ တွင် မြန်မာအသင်း ချေပဂိုးရရှိခဲ့ပြီး လူစားဝင် ကွင်းလယ်ကစားသမား ကောင်းခန့်ဇော်က သွင်းယူပေးခဲ့သည်။
လက်ကျန်ပွဲချိန်များတွင် မလေးရှားအသင်းနှင့် မြန်မာအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အခွင့်ရေးများလည်း အပြန်အလှန် ရရှိခဲ့ကြသော်လည်း ဂိုးထပ်မရသဖြင့် တစ်ဂိုးစီ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။
ပွဲအပြီးတွင် မြန်မာယူ-၁၆ အသင်းနည်းပြ ဦးအောင်ဇော်မျိုးက “ဒီနေ့ပွဲရလဒ်ကို ကျေနပ်ပါတယ်။ နှစ်သင်းစလုံးကတော့ အနိုင်ရလဒ်အတွက်ပဲ ကစားခဲ့ကြတာပါ။ သရေရလဒ်က နှစ်သင်းစလုံးအတွက် မျှတပါတယ်။ မလေးရှားကလည်း အသင်းကောင်း တစ်သင်းပါ”ဟု ပြောကြားခဲ့သည်။
အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် ကမ္ဘောဒီးယားပွဲစဉ်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကိုလည်း ဦးအောင်ဇော်မျိုးက “ကမ္ဘောဒီယားကလည်း ဩစတြေးလျကို အနိုင်ကစားထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရှေ့ပွဲစဉ်တွေတုန်းကလိုပဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း အကောင်းဆုံးရလဒ် ထွက်ပေါ်အောင် ဆက်လက်ပြင်ဆင် သွားမှာပါ “ဟု ပြောကြားခဲ့သည်။
မြန်မာယူ-၁၆ အသင်း အနေဖြင့် နှစ်ပွဲကစားပြီးချိန်တွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၄ မှတ် ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂:၃၀ နာရီတွင် ကမ္ဘောဒီးယား အသင်းနှင့် ကစားရမည် ဖြစ်သည်။
အုပ်စု (က၊ ခ၊ ဂ) အမှတ်ပေးဇယား ရပ်တည်မှု
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
1 | Indonesia | 2 | 2 | 0 | 0 | 11 | 0 | +11 | 6 |
2 | Vietnam | 2 | 2 | 0 | 0 | 10 | 1 | +9 | 6 |
3 | Philippines | 2 | 0 | 0 | 2 | 0 | 7 | -7 | 0 |
4 | Singapore | 2 | 0 | 0 | 2 | 1 | 14 | -13 | 0 |
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
1 | Timor-Leste | 2 | 1 | 1 | 0 | 11 | 1 | +10 | 4 |
2 | Thailand | 2 | 1 | 1 | 0 | 6 | 1 | +5 | 4 |
3 | Laos | 2 | 0 | 2 | 0 | 2 | 2 | 0 | 2 |
4 | Brunei | 2 | 0 | 0 | 2 | 0 | 15 | -15 | 0 |
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
1 | Malaysia | 2 | 1 | 1 | 0 | 4 | 1 | +3 | 4 |
2 | Myanmar | 2 | 1 | 1 | 0 | 4 | 3 | +1 | 4 |
3 | Cambodia | 2 | 1 | 0 | 1 | 4 | 5 | -1 | 3 |
4 | Australia | 2 | 0 | 0 | 2 | 4 | 7 | -3 | 0 |
Gallery





