
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် LEGAL COMMITTEE MEETING ကျင်းပ
September 13, 2022
AFC Futsal Level-1 Coaching Certificate Course မန္တလေးမြို့တွင် ဖွင့်လှစ်မည်
September 16, 2022အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းစာလွှာပေးပို့ခြင်း
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် စက်တင်ဘာ ၁၄ ရက်က ကွယ်လွန်သွားခဲ့သည့် အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ လင်ကီတွန်အတွက် ဝမ်းနည်းကြောင်းစာလွှာအား စင်ကာပူ ဘောလုံး အဖွဲ့ချုပ်ထံသို့ ပေးပို့ခဲ့ပါသည်။ စာလွှာအပြည့်အစုံမှာ-
မစ္စတာ လင်ကီတွန် ကွယ်လွန်ခြင်းအတွက် ထပ်တူဝမ်းနည်းပါကြောင်း စာလွှာ ပေးပို့ခြင်း
အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ လင်ကီတွန်သည် စက်တင်ဘာ ၁၄ ရက်က ကွယ်လွန်သွားကြောင်း သတင်းရရှိခဲ့သည့်အတွက် အထူးပင် ဝမ်းနည်းရပါသည်။
မစ္စတာ လင်ကီတွန် ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းရပါကြောင်းနှင့် မိသားစုနှင့် ထပ်တူ ကိုယ်ချင်းစာ ဝမ်းနည်းမိပါကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကိုယ်စား ပြောကြားလိုပါသည်။
မစ္စတာ လင်ကီတွန် ကွယ်လွန်သွားခြင်းသည် အာရှဘောလုံး အဖွဲ့ချုပ်နှင့် စင်ကာပူ ဘောလုံး အဖွဲ့ချုပ်အတွက် အမှန်တကယ်ပင် ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ကြောင်း ကျွနိုပ်တို့ အပြည့်အဝ ခံစားနားလည်ရပါသည်။
ယခုကဲ့သို့ ကြေကွဲစရာကောင်းသော ကာလအတွင်း ကျွနိုပ်တို့၏ ဆုတောင်းခြင်းများနှင့် စဉ်းစားတွေးခေါ်မှုများသည် သင်တို့အားလုံးနှင့် အတူတကွရှိနေပါမည်။
မိသားစုနှင့် ထပ်တူဝမ်းနည်းစွာဖြင့်
ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
- (မစ္စတာလင် သည်၁၉၉၂ ခုနှစ်မှ စတင်ကာ စင်ကာပူ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်အဖြစ် ဘောလုံးလောက အတွင်းသို့ရောက်ရှိလာခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကောင်စီအဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ် စင်ကာပူ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံ ခဲ့ရပြီးနောက် မကွယ်လွန်မီအထိ အဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးတာဝန်များထမ်းဆောင်ခဲ့သည်။
- မစ္စတာလင်သည် ၂၀၀၃ မှ ၂၀၀၆ အထိ အာရှဘောလုံး အဖွဲ့ချုပ် ဥပဒေရေးရာ ကော်မတီဝင် အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုမှ ၂၀၁၁ အထိ အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ယူ ခဲ့ပြီး ၂၀၁၁ မှ မကွယ်လွန်မီအထိ အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။)
Letter of Condolence on the passing of Mr. Lim Kia Tong
It is with deep sorrow that we received the news of the passing of AFC Disciplinary Committee Chairman and FAS President Mr. Lim Kia Tong on 14th September 2022.
On behalf of Myanmar Football Federation, we would like to express our deepest condolences and heartfelt sympathies to Mr. Lim Kia Tong’s family.
We fully understand that the passing of Mr. Lim Kia Tong is definitely a tragic loss to the AFC and the FAS and to Singapore Football.
Our prayers and thoughts are with all of you during this period of grief.
Yours sincerely,
President and Executive Committee Members of Myanmar Football Federation
- Mr Lim’s foray into football began in 1992 when he was appointed to the FAS Disciplinary
Committee. He then became a council member in April 1999, before being elevated to
Vice-President in April 2007. He was elected as the FAS President in 2017 and continued
to be in this position until today. - He was a member of the AFC Legal Committee from 2003 to 2006 and its Disciplinary
Committee from 2007 to 2011. He was the AFC Disciplinary and Ethics Committee (DEC)
Chairperson since March 2011.