
MFF FUTSAL LEAGUE 1 နှင့် 2 QUALIFIERS အတွက် မဲနှိုက်ရေးဆွဲခြင်း ပြုလုပ်
September 27, 2022
၂၀၂၂ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၃ ရက်တွင် စတင်ကျင်းပမည်
September 28, 2022မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်းသည် အာရှယူ-၁၇ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကစားသမား ၂၃ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်းသည် ၂၀၂၃ အာရှယူ-၁၇ ခြေစစ်ပွဲ အုပ်စု (D) တွင် အိမ်ရှင် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အိန္ဒိယ၊ မော်လ်ဒိုက်စ် အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
ခြေစစ်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံ ဒါမန်းမြို့တွင် အောက်တိုဘာ ၁ မှ အောက်တိုဘာ ၉ ရက်ထိ ကျင်းပမည်ဖြစ်ပြီး မြန်မာယူ-၁၇ အသင်းသည် အောက်တိုဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၁:၀၀ နာရီတွင် အိမ်ရှင် ဆော်ဒီအာရေဗျ၊ အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် ည ၉:၄၅ နာရီတွင် ကူဝိတ်၊ အောက်တိုဘာ ၇ ရက် မြန်မာစံတော်ချိန် ည ၉:၄၅ နာရီတွင် အိန္ဒိယ၊ အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀:၃၀ နာရီတွင် မော်လ်ဒိုက်စ် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
၂၀၂၃ ခုနှစ် အာရှယူ-၁၇ ပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို မူလက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဘာရိန်းအသင်းမှာ အိမ်ရှင်အဖြစ်မှ နုတ်ထွက်သွားသဖြင့် အာရှဘောလုံးအဖွဲ့ချုပ် အနေဖြင့် ခြေစစ်ပွဲများ မစတင်မီ အိမ်ရှင် နိုင်ငံအသစ်ကို ရွေးချယ်ရမည်ဖြစ်သည်။
နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် အိမ်ရှင်အသစ်ကို ရွေးချယ်ပြီးပါက ခြေစစ်ပွဲဝင် အသင်းများအနက်မှ အုပ်စု ပထမ ၁၀ သင်း၊ အကောင်းဆုံး အုပ်စုဒုတိယ ၅ သင်းနှင့် အိမ်ရှင်အသင်းတို့ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
အကယ်၍ အာရှဘောလုံး အဖွဲ့ချုပ် အနေဖြင့် ခြေစစ်ပွဲများ မစတင်မီ အိမ်ရှင် နိုင်ငံကို ရွေးချယ်ခြင်း မရှိပါက ခြေစစ်ပွဲ အုပ်စု ၁၀ ခုမှ အုပ်စု ပထမ ၁၀ သင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ ၆ သင်း၊ စုစုပေါင်း ၁၆ သင်းမှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
အကောင်းဆုံး အုပ်စုဒုတိယ အသင်းများ ရွေးချယ်ရာတွင် အသင်း ၅ သင်း ပါဝင်သော အုပ်စုများမှ အဆင့် ၅ ရသော အသင်းများနှင့် တွေ့ဆုံသည့် ရလဒ်ကို ထည့်သွင်းတွက်ချက်မည် မဟုတ်ဟု သတ်မှတ်ထားသည်။
မြန်မာယူ-၁၇ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင် အသင်းမှ ကစားသမား အများစုကိုပင် အခြေခံကာ ပဏာမ ကစားသမား (၃၉) ဦးဖြင့် ရန်ကုန်နှင့် မန္တလေးတွင် ဆက်လက်လေ့ကျင့် ပြင်ဆင်နေခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။











အာရှခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၇ ကစားသမား ၂၃ ဦးစာရင်းတွင် မြန်မာဘောလုံး အကယ်ဒမီများမှ ကစားသမားများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားကို ပေါင်းစပ်ရွေးချယ်ထားသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း အုပ်ချုပ်/နည်းပြစာရင်း
အုပ်ချုပ်သူ- ဦးတင်မြင့်အောင်
နည်းပြချုပ်- ဦးအောင်ဇော်မျိုး
လက်ထောက်နည်းပြများ- ဦးပေါ်ထွန်းကျော်၊ ဦးဧရာမောင်
ဂိုးနည်းပြ- ဦးမျိုးကျော်သူ
အသင်းဆရာဝန်- ဒေါက်တာ ကျော်သန့်ဇင်
အသင်းမီဒီယာ- ဦးဝင်းကိုကို
အကြောကျွမ်းကျင်- ဦးသူရတိုး
မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း ကစားသမားစာရင်း
ဂိုး- ဆလိုင်းအံ့ဘွယ်မောင်၊ စိုင်းသီဟနိုင် (မန္တလေးအကယ်ဒမီ)၊ ကောင်းကင်ကြယ် (ရန်ကုန်အကယ်ဒမီ)။
နောက်တန်း- လင်းထက်ဦး၊ သူရဇော်၊ နေလင်းထက် (မန္တလေးအကယ်ဒမီ)၊ သက်နိုင်ဦး၊ မြတ်ဘုန်းခန့် (ပုသိမ်အကယ်ဒမီ)၊ နေလင်းထွန်း (ISPE လွိုင်ကော်)။
အလယ်တန်း- ကောင်းခန့်ဇော်၊ ကောင်းထက်၊ နေမင်းထက်၊ ဟန်ထွန်းဇော် (မန္တလေးအကယ်ဒမီ)၊ မျိုးထက်ဦး၊ ခွန်းချိုထူး၊ ဝေလျှံရှိုင်း (ပုသိမ်အကယ်ဒမီ)၊ မျိုးမင်းခန့် (ရန်ကုန်တိုင်း ဒေသကြီး)၊ အောင်ကောင်းမြတ် (မန္တလေးတိုင်း ဒေသကြီး)၊ အောင်ဇော်မျိုး (ကရင်ပြည်နယ်)။
ရှေ့တန်း- ပြည့်စုံအောင် (ပုသိမ်အကယ်ဒမီ)၊ ရှိုင်းဝဏ္ဏအောင်၊ ထူးဝေယံ (မန္တလေးအကယ်ဒမီ)၊ စောမျိုးဇော် (ကရင်ပြည်နယ်)။