
MFF Rhino Futsal League 2022 ပြိုင်ပွဲ အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ
February 24, 2023
အမျိုးသမီး ဒိုင်လူကြီး နှစ်ဦး AFC Elite Referee အဖြစ် ရွေးချယ်ခံရ
February 25, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Futsal Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်နှင့် ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဘောလုံးအဖွဲ့ချုပ် အကြံပေးဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် MFF Futsal Referee Workshop For 2023 ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ဖူဆယ်ဒိုင်လူကြီး တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဖူဆယ်ဒိုင်လူကြီး ၂၅ ဦးပါဝင်သော MFF Men Referee Workshop For 2023 တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပြောင်းလဲလိုက်သော ဖူဆယ် ဥပဒေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။