မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် မိုက်ကယ် ဖိုက်တန်ဘိုင်နာ အား(၂)စာချုပ်ဖြင့် ခန့်အပ်
March 16, 2023၇၃ ကြိမ်မြောက် ဖီဖာကွန်ဂရက်စ် MFF ကိုယ်စားလှယ်အဖွဲ့တက်ရောက်
March 16, 2023မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် ဖိုက်တန်ဘိုင်နာ သည် အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲ Hero Tri-Nation Friendly Tournament အား သွားရောက်ယှဉ်ပြိုင်ရန် အတွက် အပြီးသတ် ကစားသမား ၂၄ ဦးစာရင်းအား ထုတ်ပြန်လိုက်သည်။ အဆိုပါ ကစားသမား စာရင်းတွင် ပြည်တွင်း MNL ကလပ်အသင်းများမှ ကစားသမားများနှင့် အတူ ထိုင်း၊ မလေးရှား လိဂ်များတွင် သွားရောက် ကစားနေသည့် ကစားသမားများ လည်း ပါဝင်လာခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် Hero Tri-Nation Friendly Tournament ပွဲစဉ် ပထမ ပွဲအဖြစ် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် မတ်လ ၂၂ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅ ရက်နေ့တွင်လည်းကောင်း အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM တွင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
- ဂိုး – ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ)
- နောက်တန်း -ဟိန်းဖြိုးဝင်း (Ratchaburi FC)၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံ အက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန် ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)
- အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား ယူနိုက်တက်)၊ ရန်နိုင်ဦး ၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM FC)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ လွင်မိုးအောင် (Rayong FC)၊ မောင်မောင်လွင် (Lamphun Warriors FC)၊ ဟိန်းထက်အောင် (Selangor FC)၊ ငြိမ်းချမ်းအောင် (Muang Trang United)
- ရှေ့တန်း – ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ အောင်ကောင်းမာန် (Customs United)၊ သန်းပိုင် (Kanchanaburi FC)၊ အောင်သူ (Lamphun Warriors FC)