
MFF Coach Educator`s Workshop 2023 ပိတ်ပွဲ အခမ်းအနား ကျင်းပ
August 9, 2023
Continental Futsal Championship ဆီမီးဖိုင်နယ်တွင် ချက်အသင်းကို ရှုံးနိမ့်
August 11, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ယင်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့်
ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းအဖွင့် အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးဘုန်းညွန့်ကိုက မိတ်ဆက်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး သင်တန်းသားများနှင့် တစ်ဦးခြင်း မိတ်ဆက်ခြင်း၊ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
သင်တန်းကို သြဂုတ် ၁၀မှ ၁၃ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်မည် ဖြစ်သည်။



