
MFF Standing Committee အစည်းအဝေးများ ပြုလုပ်
August 14, 2024
Fourth FIFA Football Agent Exam သတင်းထုတ်ပြန်ချက်
August 17, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ပံ့ပိုးမှုဖြင့် မန္တလေးမြို့တွင် ပထမဆုံး မြန်မာအမျိုးသမီး ဘောလုံး အကယ်ဒမီကို တည်ဆောက်သွားမည် ဖြစ်ပါသည်။ အဆိုပါ ဆောက်လုပ်မှုအတွက် တင်ဒါ ခေါ်ယူခြင်းကို နိုင်ငံပိုင် သတင်းစာများတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်မှစတင်၍ ထည့်သွင်းဖော်ပြခဲ့ပြီး တင်ဒါပိတ်ရက်ဖြစ်သည့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်အထိ Golden Gate International Development Co.,Ltd နှင့် Total Trust Construction Co.,Ltd တို့နှစ်ဦးသာ တင်ဒါတင်သွင်းမှုအား လက်ခံ ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ခံရရှိသည့် တင်ဒါ လျှောက်လွှာများအား ၁၄ သြဂုတ် ၂၀၂၄ တွင် တင်ဒါစိစစ် ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် တင်ဒါ အကြံပေး အဖွဲ့ဖြစ်သည့် AYAR APEX CO.,Ltd. အဖွဲ့ဝင်များမှ ဖွင့်ဖောက်စစ်ဆေးခဲ့ပြီး အမှတ်ပေး စိစစ်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ တင်ဒါတင်သွင်းသူ နှစ်ဦး၏ ဖောင်များအား အစိုးရတင်ဒါ စံချိန်စံညွှန်း အရ တင်ဒါရေးချယ်ရေး အကြံပေးမှ စစ်ဆေး တင်ပြချက်များအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ပြီး စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် Golden Gate International Development Co.,Ltd အား တင်ဒါအောင်မြင်သူအဖြစ် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။



