
ပဏာမအသက် (၁၄)နှစ်အောက် လူငယ်လက်ရွေးစင်အသင်း စတင်ဖွဲ့စည်း
February 25, 2016
တိုယိုတာ မဲခေါင် ချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲ နိုဝင်ဘာလတွင် စတင်မည်
March 10, 2016အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဖုူဆယ်နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အမှုဆောင်အရာရှိချုပ်နှင့် အထွေထွေအတွင်းရေးမှုူး ဦးသန်းဇော်မှ “ ကျွန်တော်တို့အနေနဲ့ Level 2,3 သင်တန်းတွေ ဆက်လက်ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါတယ်။ ကမ္ဘာ့ဖလားအဆင့်မှီဖြစ်နိုင်ဖို့ နှစ်တို နှစ်ရှည် စီမံကိန်းတွေနဲ့ပါ ကြိုးစားရမှာဖြစ်ပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် မစ္စတာ မိုဟာမက် ဟော်ဆင်မှလည်း “အခုသင်တန်းဟာ ကျွန်တော်တွေ့ခဲ့တဲ့ အကောင်းဆုံးသင်တန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်သင်တန်းပေးရတာ ဝမ်းသာပါတယ်၊ နောက်ထပ်သင်တန်းတွေမှာလည်း ထပ်မံတွေ့ဆုံဖို့ မေ ျှာ်လင့်နေပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။