
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း လေ့ကျင့်မှုများပြုလုပ်လျက်ရှိ
March 18, 2016
MFF Spy Futsal League 2016 ပွဲစဉ် ၃ အပြီးတွင် VUC နှင့် MIC အသင်းများ အမှတ်ပေးဇယားကို ဦးဆောင်
March 22, 2016မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် လာမည့် မေလ (၅) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ရှီဇူအိုကာမြို့သို့ သွားရောက်၍ စခန်းသွင်း လေ့ကျင့်မှု များ ပြုလုပ်မည်ဖြစ်သည်။
၂၀၁၆ ခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဇူလိုင် (၁၄) မှ သြဂုတ် (၅)ထိ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် ဖေဖော်ဝါရီ (၂၀)ရက်မှ စတင်ကာ နည်းပြချုပ် မစ္စတာ ရော်ဂျာရိုင်နာနှင့်အတူ ကွင်းဆင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် လာမည့် မေလတွင် ဂျပန်နိုင်ငံသို့ သွားရောက်၍စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပြီး ဂျေလိဂ်ကလပ်အသင်းများနှင့်လည်း ခြေစမ်းပွဲများကစားမည် ဖြစ်သည်။ လေ့ကျင့်ရေးကာလမှ မေလ(၅)ရက်နေ့မှ (၂၄)ရက်နေ့အထိဖြစ်ပြီး (၂၅)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။