
MFF MYANMAR FUTSAL LEAGUE 2017 ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲပွဲ အခမ်းအနား ကျင်းပ
February 23, 2017
MFF MYANMAR FUTSAL LEAGUE 2017 ပွဲစဉ် (၃) ပွဲ ကစားအပြီး MIC အသင်းက ပွဲစဉ်ဇယားကို ဆက်လက်ဦးဆောင်
March 13, 2017မြန်မာ ဘောလုံးအကယ်ဒမီများအတွက် မျိုးဆက်သစ် ကစားသမားများ ထပ်မံရွေးချယ်မည့် AYA Bank Scouting Tour 2017 သတင်းစာရှင်းလင်းပွဲကို မတ်လ (၇) ရက်နေ့ နေ့လည် (၂) နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ကစားသမားရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)၊ ကစားသမားရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းသူမိုး၊ အထက်မြန်မာပြည် ကစားသမားရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် ဦးသန်းလွင်တို့ တက်ရောက်ခဲ့ကြသည်။
AYA Bank Scouting Tour 2017 ကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ပေါင်း (၅၅) မြို့သို့ သွားရောက်၍ မျိုးဆက်သစ် ကစားသမားများကို သတ်မှတ်ထားသော စံနှုန်းများအတိုင်း ရွေးချယ်သွားမည်ဖြစ်သည်။ ပဏာမကစားသမား စုစုပေါင်း (၂၀၀) ခန့် ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ ကစားသမားများအနက် ကစားသမား (၈၅) ဦးသည် ရန်ကုန်၊ မန္တလေး၊ ပုသိမ်မြို့များရှိ ဘောလုံးအကယ်ဒမီများတွင် တက်ရောက်သင်ကြားခွင့်ရမည်ဖြစ်သည်။
အကယ်ဒမီတက်ရောက်ခွင့် ရရှိမည့် ကစားသမားများကို ဘောလုံးပညာသာမက အတန်းပညာပါ မလစ်ဟင်းရစေရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဂရုစိုက်သင်ကြားပေးသွားမည်ဖြစ်သည်