December 10, 2018 / By Admin
MFF U-12 Boys’ States & Regions Tournament 2018 တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံး ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်က အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတု ကွင်းတွင် ကျင်းပခဲ့ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။
နံနက်ပိုင်း ပွဲစဉ်များတွင် ဧရာဝတီက ကချင်ကို ၁-၀ ဂိုး၊ ရှမ်း (တောင်)က တနင်္သာရီကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ညနေပိုင်း ပွဲစဉ်များတွင် ချင်းက ကရင်ကို ၃-၁ ဂိုး၊ မကွေးက စစ်ကိုင်းကို ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
သို့ဖြစ်ရာ ဆီမီးဖိုင်နယ် အဆင့်သို့ ဧရာဝတီ၊ ရှမ်း (တောင်)၊ ချင်းနှင့် မကွေးတို့ တက်ရောက်သွားသည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၂၊ ညနေ ၄း၀၀ နာရီတွင် အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတု ကွင်း ၁ နှင့် ၂ ၌ ကျင်းပမည်ဖြစ်ပြီး ဧရာဝတီနှင့် ရှမ်း (တောင်)၊ ချင်း နှင့် မကွေးတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတု ကွင်းမှာပင် ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄း၀၀ နာရီ၌ ကျင်းပမည် ဖြစ်သည်။