January 20, 2020 / By Admin
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် Myanmar Care တို့ ပူးပေါင်းစီစဉ်သည့် MFF-MNL’s Youth Development Program (Road to Japan 2020) ဘောလုံးခြေစမ်း လေ့လာရေး ခရီးစဉ်အတွက် ကစားသမား (၂၅) ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်အနေဖြင့် နိုင်ငံအဝန်းမှ ရွက်ပုန်းသီး လူငယ်မျိုးဆက်သစ် ကစား သမားများ ထွက်ပေါ်လာရေးကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အထက်ပါ ကစားသမားများမှာ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် Myanmar Care တို့မှ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် MFF 100 Plus Cup States and Regions (Boy’s) လူငယ်ဘောလုံးပြိုင်ပွဲများမှ ထွက်ပေါ်လာခဲ့သည့်အသီးအပွင့်များပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်အနေဖြင့် အထက်ပါ ပြိုင်ပွဲနှစ်ရပ်မှ အကောင်းဆုံးကစားသမား (၇၅) ဦးကို စာရင်းပြုစုထားခဲ့ပါသည်။ ထို့နောက် ယင်းအကောင်းဆုံး ကစားသမားများအား A,B,C,D အသင်းများခွဲ၍
ရန်ကုန်မြို့တွင် ပတ်လည်ခြေစမ်းပွဲတစ်ရပ်ကို ထပ်မံကျင်းပပြုလုပ်ပေးခဲ့ပြီးနောက်ဂျပန်ခရီးစဉ် အတွက် ဆန်ခါတင် (၂၅) ဦးကို စီစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လူရွေးချယ်ရာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်အပေးအပ်ထားသည့် ရွေးချယ်ရေးအဖွဲ့အနေဖြင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်း အမှတ်ပေးစနစ်များနှင့် အညီ စိစစ်ခဲ့သကဲ့သို့ ပြိုင်ပွဲရုပ်သံမှတ်တမ်းများကိုလည်း လေ့လာသုံးသပ်အကဲဖြတ်ကာ ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
ဂျပန်ခရီးစဉ်အား ဧပြီလကုန် သို့မဟုတ် မေလပထမပတ်အတွင်း သွားရောက်ရန် စီစဉ်ထားပြီး အာရှထိပ်သီး ဂျေလိဂ်အမှတ်ပေးပွဲစဉ်များအားစုပေါင်းကြည့်ရှုခြင်း၊ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားစေခြင်းနှင့် ပူးတွဲလေ့ကျင့်သည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။
MFF-MNL’s Youth Development Program ဖြစ်သည့် Road to Japan ခရီးစဉ်ကို မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်စပွန်ဆာဖြစ်သော MPT၊ Youth Development Program ၏ Main Sponsor ဖြစ်သော Myanmar Care နှင့်အတူ 100 Plus၊ ANA၊ AMI၊ Canon၊ JCB၊ MJFD၊ Premier Wellness၊ Rose Hill တို့မှ ပါဝင်ပံ့ပိုးပေးထားပါသည်။
တိုင်းဒေသနှင့်ပြည်နယ်အနှံ့အပြားမှ မီးခဲပြာဖုံး ကစားသမားများ ပါဝင်လာခဲ့သည့် ဂျပန်ခရီးစဉ် လိုက်ပါခွင့်ရ (၂၅) ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ခွန်အေးချမ်းအောင်(ဂိုး)
၂။ သီဟန်ဖြိုး(ဂိုး)
၃။ ဖြိုးသုတ(ဂိုး)
၄။ စောသိန်းဝင်းအောင်(နောက်)
၅။ ထွန်းလင်းအောင်(နောက်)
၆။ အောင်မျိုး(နောက်)
၇။ ညီညီလင်း(နောက်)
၈။ ပြည့်ဖြိုးဇော်(နောက်)
၉။အောင်မျိုးထက်(နောက်)
၁၀။ မြင့်နိုင်(နောက်)
၁၁။ ခမ်ဗျက်တွောင်(နောက်)
၁၂။ ကောင်းခန့်ကျော်(လယ်)
၁၃။ လှိုင်ထွဋ်(လယ်)
၁၄။အောင်ဇော်မျိုး(လယ်)
၁၅။ ရဲရင့်အောင်(လယ်)
၁၆။ ခွန်နေအောင်(လယ်)
၁၇။ ဟန်ထွန်းဇော်(လယ်)
၁၈။ ကျော်မင်းထက်(လယ်)
၁၉။ သန်းလင်းကို(ရှေ့)
၂၀။ မျိုးသန်းကျော်(ရှေ့)
၂၁။ စောမျိုးဇော်(ရှေ့)
၂၂။ သက်ပိုင်ဖြိုး(ရှေ့)
၂၃။ စောနေဝင်းထွန်း(ရှေ့)
၂၄။ အောင်ကောင်းမြတ်(ရှေ့)
၂၅။ စောချမ်းမြေ့ကိုကို(ရှေ့)