မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ခေါ်ယူမည်

The MFF » Academy (MDY) » မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ခေါ်ယူမည်

May 2, 2022 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့တွင် ၂၀၂၂/၂၃ ပညာသင်နှစ် အတွက် ကျောင်းသားသစ်များကို လာမည့် မေလ ၅ ရက်နေ့မှ စတင်ကာ ရွေးချယ်ခေါ်ယူသွားမည် ဖြစ်သည်။ ရွေးချယ်ခေါ် ယူမည့် ကျောင်းသားသစ်များမှာ ၂၀၁၀/၁၁ ခုနှစ်ဖွား အသက် (၁၁/၁၂)နှစ်အောက်၊ ၂၀၀၉ ခုနှစ်ဖွား အသက် (၁၃)နှစ်အောက်၊ ၂၀၀၈ ခုနှစ်ဖွား အသက်(၁၄)နှစ်အောက်နှင့် ၂၀၀၇ ခုနှစ်ခုနှစ်ဖွား အသက်(၁၅)နှစ်အောက် ဘောလုံး အားကစား ထူးချွန်သည့် မျိုးဆက်သစ်ကျောင်းသား များဖြစ်ကြသည်။

ရွေးချယ်ခံမည့် ကျောင်းသားသစ်များသည် လက်ရှိ အတန်းပညာ သင်ကြားနေသူ၊ အနိမ့်ဆုံး မြို့နယ် ကျောင်းသား ပြိုင်ပွဲများတွင် ပါဝင်ကစားဖူးသူနှင့် မြို့နယ်ဘောလုံး အဖွဲ့ချုပ်များမှ ထူးချွန်သည့် လူငယ်များဖြစ်ရမည် ဖြစ်သည်။ လာရောက် ရွေးချယ်ခံရာတွင် အုပ်ထိန်းသူ/မိဘ (၁)ဦးသာ လိုက်ပါလာရမည် ဖြစ်ကာ စားသောက်ရေး၊ နေထိုင်ရေးနှင့် ခရီးစရိတ်တို့ကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်သည်။

ရွေးချယ်ခံရသည့် ကျောင်းသားများသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စီစဉ်ပေးမှုဖြင့် ဘောလုံးပညာနှင့် အတန်းပညာတို့ကို အကယ်ဒမီကျောင်းတွင် ကျောင်းအိပ်ကျောင်းစားဖြင့် သင်ယူရမည် ဖြစ်ပြီး လစဉ်ထောက်ပံ့ကြေး အပါအဝင် အခြားသော သင်ကြားရေးနှင့် သက်ဆိုင်သည့် ထောက်ပံ့မှုများကိုလည်း ခံစားခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် မိမိ၏ ကြိုးစားအားထုတ်မှုနှင့် အရည်အချင်းအလိုက် သက်တမ်းအလိုက်နှင့် စီနီယာ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ပြည်ပ/ပြည်တွင်း တွင်လည်းကောင်း ကစားခွင့်ရရှိနိုင်ပြီး ဘောလုံး အားကစားဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်နိုင်မည်ဖြစ်သည်။

ကျောင်းသားသစ် ရွေးချယ်ပွဲများ ကျင်းပမည့် နေရာ/ကာလ (နံနက် ၇း၃၀ နာရီနှင့် ညနေ ၃း၃၀ နာရီ)

 အကယ်ဒမီရွေးချယ်ပွဲနေရာကျင်းပမည့် ရက်
မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်)ကျောက်တိုင် အားကစားကွင်းမေ ၅ / ၆/ ၇ (နံနက် ၇း၃၀ နာရီ နှင့် ညနေ ၃း၃၀ နာရီ)
မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)အကယ်ဒမီလေ့ကျင့်ရေးကွင်းမေ ၁၂/ ၁၃/ ၁၄/ ၁၅ (နံနက် ၇း၃၀ နာရီ နှင့် ညနေ ၃း၃၀ နာရီ)
အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်)သုဝဏ္ဏ အားကစားကွင်းမေ  ၈ / ၉/ ၁၀ (နံနက် ၇း၃၀ နာရီ နှင့် ညနေ ၃း၃၀ နာရီ)

ရွေးချယ်ခံရာတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းများ

(၁) နိုင်ငံသား  စိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ (ပြင်ရာ/ဖျက်ရာ မပါရ)

(၂) အိမ်ထောင်စု စာရင်း မူရင်းနှင့် မိတ္တူ (သန်းခေါင်စာရင်း) (ပြင်ရာ/ဖျက်ရာ မပါရ)

(၃) မွေးစာရင်း မူရင်းနှင့် မိတ္တူ (ပြင်ရာ/ဖျက်ရာ မပါရ)

(၄) ကျောင်းထောက်ခံစာ မူရင်း (ကျောင်း လက်ရှိ တက်ရောက်နေကြောင်း)

(၅) ဘောလုံးကန်ဖိနပ်/ဝတ်စုံ အပြည့်အစုံ

ရွေးချယ်မည့် နည်းစနစ်များ

(၁)  ဘောလုံး တော့ခြင်း၊ ဘောလုံးပေးပို့ခြင်း၊ ဘောလုံးထိန်းသိမ်းခြင်း၊ ဘောလုံး လိမ်ခေါက်ဆွဲပြေးခြင်း၊ ဘောလုံးဆွဲပြေးခြင်း၊ ဘောလုံး ကန်သွင်းခြင်း

(၂) တစ်သင်း (၇)ဦး၊ (၈)ဦး၊ (၁၁)ဦး စီပါဝင်မည့် ကွင်းငယ် ပွဲစဉ်ကစားခြင်း

(၃) ကာယကြံ့ခိုင်မှု စိစစ်ခြင်း

(၄) ဘောလုံးနှင့် သက်ဆိုင်သည့် ဗဟုသုတ စစ်ဆေးခြင်း

ရွေးချယ်ခံယူမည့် ကျောင်းသားသစ်များနှင့် မိဘအုပ်ထိန်းသူများ အနေဖြင့် အောက်ဖော်ပြပါ တာဝန်ရှိသူများအား ဆက်သွယ် အကြောင်းကြား၍ စာရင်းပေးသွင်းနိုင်ပါသည်။

မြန်မာ ဘောလုံး အကယ်ဒမီ (ပုသိမ်)အတွက်

(၁) ဦးထွန်းအောင်ကျော် (ကျောင်းအုပ်ကြီး)            ဖုန်း- ၀၉၄၂၀၀၃၇၅၉၈

(၂) ဦးစည်သူအောင် (နည်းပြ)                              ဖုန်း – ၀၉၇၈၆၄၀၀၀၄၉

(၃) ဦးလင်းဝေယံထွေး (နည်းပြ)                           ဖုန်း – ၀၉၄၂၂၂၅၉၉၂၅

မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)အတွက်

(၁) ဦးမင်းဦးကြိုင် (ကျောင်းအုပ်ကြီး)                    ဖုန်း – ၀၉၅၀၃၅၁၄၃

(၂) ဦးကိုကို (နည်းပြ)                                          ဖုန်း – ၀၉၂၅၉၂၂၇၈၂၀

(၃) ဦးရဲနိုင်စိုး (နည်းပြ)                                       ဖုန်း – ၀၉၄၀၂၇၅၁၀၆၈

အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)အတွက်

(၁) ဦးဝင်းသူမိုး (ကျောင်းအုပ်ကြီး)                        ဖုန်း – ၀၉၂၅၅၅၅၄၀၅၅

(၂) ဦးညီညီထွန်း (နည်းပြ)                                   ဖုန်း – ၀၉၉၅၅၅၅၄၆၉၇

(၃) ဦးကျော်ဇင်ဝင်း (နည်းပြ)                               ဖုန်း – ၀၉၄၂၃၁၀၄၅၄၆