AFC Futsal Level 2 Coaching Certificate Course သင်တန်းဖွင့်လှစ်မည်

The MFF » Coaches » AFC Futsal Level 2 Coaching Certificate Course သင်တန်းဖွင့်လှစ်မည်

June 27, 2022 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်မည့် AFC Futsal Level 2 Coaching Certificate Course သင်တန်းကို ဇူလိုင် ၇ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ထိုသင်တန်းကို အာရှဘောလုံးအဖွဲ့ချုပ် သင်တန်းနည်းပြဆရာဖြစ်သူ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr.Bunlert Charoewong က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ထိုသင်တန်းသို့ AFC Futsal Level 1 အောင်မြင်ပြီး သက်တမ်း ၁ နှစ်ရှိပြီးသူများ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ယခုဖွင့်လှစ်မည့် AFC Futsal Level 2 Coaching Certificate Course သင်တန်းသည် မြန်မာနိုင်ငံတွင် ဒုတိယ အကြိမ်မြောက်ဖွင့်လှစ်ခြင်း ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Coach Education ဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။